30 November 2009

ဖိုင်ချုံတဲ့ Software များစုစည်းမှု




ဒီအထဲမှာ ဘာတွေပါလဲဆိုတော့
၁။Winrar 3.90 (With Serial)
၂။7Zip
၃။WinZip V11 (With Keygen)
၎။hjsplit
၅။ZipGenius 6 Std Edition
၆။kgb_v1.2.1.24_ReMix တို့ပါဝင်ပါတယ်။ သူတို့ကို အသုံးပြုပုံ အကြောင်း ကျွန်တော် သီးသန့်ရေးပေးပါဦးမယ်။

င်္File Size = 17Mb , Hosting = Mediafire

Download Here

Winrar နှင့် ချုံ့ထားလို့ Winrar မရှိသေးရင် ဒီမှာ ယူပြီး ပြန်ဖြည်လိုက်ပါ။
ဖြည်ပြီးသွားရင် ရလာတဲ့ Winrar ဆိုတဲ့ Folder ထဲမှာ regဆိုတဲ့ဖိုင်လေးကို Double Clickခေါက်ပြီးYes,Okဆိုတာ
နှိပ်ပြီးသွားတာနှင့် Winrar software ကို Serail ထည့်ပြီးသားဖြစ်သွားပါပြီ။


အပြည့်အစုံသို့...

ကွန်ပြုတာ မှာ ဆရာတစ်ဆူ ဖြစ်ဖို့ ဆိုရင်


ဒီနေ့ မြန်မာလူငယ်တော်တော်များများ ဟာ ချက်တင်ထိုင်တာ ၊ ဖိုရမ်ဝင်ရေး တာလောက်နှင့်ပဲ အချိန်ကုန်နေကြတာ တွေ့ရတယ်။ ကိုယ့်ရဲ့ တန်ဖိုးရှိလှတဲ့ အဲဒီအချိန်တွေ ကို မှန်မှန်ကန်ကန် အသုံးချတတ်မယ် ဆိုရင် ဘယ်လောက်ကောင်းလိမ့်မလဲ။ကျွန်တော်တို့ ခေတ်တုန်းက (၁၉၉၉) တုန်းက ဆိုရင် ကွန်ပြုတာ သင်တန်း ဆိုတာ တော်တော်လေးနည်းသေးတယ်။သင်တန်းကြေးကလည်း မသေးဘူး။ အဲဒီတုန်းက ကျွန်တော်သုံးခဲ့တဲ့ စက်က Socket7စက်လေး။ ခုခေတ်စက်တွေနှင့် တော်တော်ကွာသွားပြီလေ။ ခုဟာတွေက ဖွင့်ပြီဆိုတာ နှင့် ရွှတ်ခနဲ ဆို ပွင့်တာပဲ။ သုံးစရာ Application တွေကလည်း ခုလောက်မပေါဘူးလေ။အဲဒီအချိန်တုန်းက နေ စခဲ့တဲ့ ကွန်ပြူတာ ရောဂါပိုး က ၂၀၀၂လောက်မှာ ကိစ္စတစ်ခုကြောင့် ကွန်ပြူတာဆိုရင် ပြန်ကို လှည့်မကြည့်ဖြစ်တော့ဘူး။
၂၀၀၅မှာတော့ ကွန်ပြုတာလောကထဲပြန်ဝင်ဖြစ်လာတယ်.။ကျွန်တော် ကွန်ပြူတာနှင့် ပတ်သတ်ပြီး ဆရာတော်တော် များများရှိခဲ့ဖူးပါတယ်။ တစ်ချို့ ဆရာတွေကလည်း အိတ်သွန်ဖာမှောက် သင်ပေးသလို တစ်ချို့ ကျတော့ ဆရာစားချန်တာလေးတွေတော့ရှိတာပေါ့ဗျာ။အဓိက ကတော့ သင်ယူလေ့လာတဲ့ တပည့်အပေါ်ပဲ မူတည်ပါတယ်။ ကိုယ်လေ့လာရင် ကိုယ်ကြိုးစားရင် ကိုယ်တတ်မှာပဲလေ။ပြောချင်တာတွေမပြောဖြစ်ပဲ ကိုယ့်အကြောင်းကိုယ်ပြောသလိုဖြစ်နေပြီ။ ကဲ..ခုမှ ပြောချင်တာ ကိုပြောတော့မယ်။
ကွန်ပြုတာလောကမှာ ဆရာတစ်ဆူဖြစ်ဖို့ဆိုရင်
၁။ဝါသနာပါရမယ်။
၂။မျှဝေလိုစိတ်ရှိရမယ်။
၃။အင်္ဂလိပ်စာ သာမန်ထက်ပိုတော်ရမယ်။
၎။အချိန်ပေးနိုင်ရမယ်။
၅။တီထွင်ဆန်းသစ်လိုစိတ်ရှိရမယ်။
၆။ဇွဲရှိရမယ်။စိတ်ရှည်သည်းခံရမယ်။
၇။နည်းပညာတိုးတက်ပြောင်းလဲမှုကို မျက်ခြေမပြတ်လေ့လာသင်ယူနေရမယ်။
အဲဒါတွေထဲက တစ်ချက်လောက်လိုနေရင်တော့ သူများနောက်မှာရောက်နေမှာ သေချာပါတယ်။
ဒီတော့ မိတ်ဆွေ.......
သင် သူများထက်တော်ဖို့တတ်ဖို့ဆိုရင် အဲဒီ ၇ချက်ကို ဖြစ်မြောက်အောင်ကြိုးစားပြီး လုပ်ကြည့်ပါ။
ကွန်ပြူတာ နှင့်ပတ်သတ်ပြီး သင်ဟာ ဆရာတစ်ဆူဖြစ်လာမှာ သေချာပါတယ်။

အပြည့်အစုံသို့...

27 November 2009

့ကွန်ပြူတာဆိုင်ရာ Ebooks ပေါင်းချုပ် အပိုင်း(၂)


ဒီအပိုင်း (၂) မှာတော့ အင်တာနက် နှင့် နက်ဝက် အသုံးပြုပုံ တည်ဆောက်ပုံ အကြောင်း ရေးသားထားတဲ့ Ebook များကို တစ်စုတစ်စည်းထဲ တင်သွားပေးမှာပါ။
အထဲမှာ ဘာတွေပါမလဲဆိုတော့

၁။ မျိုးသူရ ရဲ့ Begineers Guide to Network


၂။ဇော်လင်း ရဲ့ Windows Server 2003


၃။မျိုးသူရ ရဲ့ နေ့စဉ်သုံးအင်တာနက်


၎။ကကကွန် ရဲ့ Data Communication


၅။မေဂျာတိုးအောင် ရဲ့ Email Server တည်ဆောက်ပုံ


၆။MTJ ရဲ့ Google app & Email


၇။စေတန်ဂေါ့ ရဲ့ CSS အကြောင်းလေ့လာခြင်း


တို့ပါဝင်ပါတယ်။ထပ်တင်ပေးဖို့ အများကြီးရှိပါသေးတယ်။ ခုတောင် ဖိုင်ဆိုက်ကြီးနေလို့ ခွဲပြီးတင်ပေးပါ့မယ်။
ဖတ်ပါ။မှတ်ပါ။ကလိပါ လို့တိုက်တွန်းချင်ပါတယ်။ Mediafire မှာတင်ထားတာဖြစ်ပြီး ဖိုင်ဆိုက်105Mbဖြစ်ပါတယ်။
ကွန်နက်ရှင်ကောင်းပြီး တစ်ခုစီ ဒေါင်းရမှာ ပျင်းနေတဲ့ သူငယ်ချင်းတွေ အတွက်ရည်ရွယ်ပါတယ်။ ကွန်နက်ရှင်မကောင်းတဲ့ဒေသမှ ဘော်ဘော်တွေ လိုချင်တယ်ဆိုရင်တော့ Email ပို့ပြီးတောင်းနိုင်ပါတယ်။
ဖိုင်တွေကို ပိုးစိုးပက်စက်ချုံ့ပြီး ပို့ပေးလိုက်မယ်။

Download Here



အပြည့်အစုံသို့...

26 November 2009

ကွန်ပြူတာ ဆိုင်ရာ Ebooks ပေါင်းချုပ် အပိုင်း (၁)


ကျနော့်ရဲ့ ဆိုက်ကလေး ကို လာလည်တဲ့ သူတွေရော အခြား အွန်လိုင်းက သူငယ်ချင်းတွေ အားလုံး အတွက် တစ်စုတစ်စု တည်းဖြစ်အောင် ကွန်ပြူတာ ဆိုင်ရာ Ebooks ပေါင်းချုပ် ဆိုပြီး Mediafire မှာတင်ထားပေးပါတယ်။ အဓိက ကတော့ စာဖတ်စေချင်တဲ့ စေတနာပါ။ Hardware ဆိုင်ရာ အတွက်ပါ ။ ပါဝင်တဲ့ စာအုပ်တွေကတော့
၁။ မျိုးသူရ ရဲ့ A+
၂။ အောင်မြင့် ရဲ့ A+ ၃။ ဦးအေးကိုကို ရဲ့ အကောင်းဆုံး ကွန်ပြူတာ ပြုပြင်ခြင်း နည်းစနစ်များ ၄။ကကကွန်ရဲ့ ကွန်ပြူတာ သိပ္ပံ

Mediafire မှာတင်ထားတာ ဖြစ်ပြီး Size က 67.62Mb ရှိပါတယ်။ မိမိကိုယ်တိုင် ဖတ်ရှုသလို သူငယ်ချင်းတွေကိုလည်း မျှဝေပေးစေချင်ပါတယ်။




Download Here
အပြည့်အစုံသို့...

25 November 2009

AVG INternet Security V 9.0




သူ့ကိုတင်ဖို့ လိုအပ်တဲ့ System Requirement ကတော့
CPU 1.8Ghz, Ram 512, Hardisk Space 390Mb ပါ။
Operation System ကတော့ Windows 98 ကနေ Windows7 အထိ သုံးလို့ရပါတယ်။
ဒေါင်းရမယ့်လိပ်စာက Mediafire မှာပါ.။ ဆိုဒ်ကတော့ 114 Mb ရှိပါတယ်။ ဒီမှာဒေါင်းပါ


အပြည့်အစုံသို့...

20 November 2009

အာဇာနည် (ဦးနု)


ဦးနု ၏ အာဇာနည်


အပြည့်အစုံသို့...

တာတေစနေသား (ဦးနု)


ဦးနု ၏ တာတေစနေသား


အပြည့်အစုံသို့...

ဒေါက်တာမင်းတင်မွန် စာအုပ်များ

အပြည့်အစုံသို့...

ဆရာ မင်းသိင်္ခ စာအုပ်များ

အပြည့်အစုံသို့...

အကြည်တော်ရဲ့ စာအုပ်များ

အပြည့်အစုံသို့...

ဂျီမေးလ် အသုံးပြုသူများ သိစေရန်


ကိုယ့်ရဲ့ ဂျီမေးလ် လုံခြုံရေးအတွက် သတိပြုစရာ အချက်များ

(၁) Security Question ကို ခက်ခက်ခဲခဲပေးပါ။ မေးတာနှင့်ဖြေတာ တခြားစီဖြစ်အောင်ပေးထားပါ။
ဥပမာ ။ What is your first Teacher Name? Answer is 024367134
(၂) Secondary Email Address ကို သီးသန့် အသုံးပြုပါ။ ဆိုလိုသည်မှာ Secondary Email နှင့်
ချက်တင်ထိုင်ခြင်း ၊ဖိုရမ်များသို့ ၀င်ခြင်း လုံးဝမပြုလုပ်ပါနှင့်။
(၃)မိမိသိသူမဟုတ်သော သူများဆီမှ Email ကို အလွယ်တကူဖွင့်မကြည့်ပါနှင့်။
(၄)Goole မှ ထုတ်သော Original Gtalk နှင့်Gmail Log in Page ကိုသာ အသုံးပြုပါ။
(၅) Password ကို ရှည်ရှည်နှင့် ခက်ခက်ပေးပါ။(ဥပမာ *+*=2is@4u)
(၆)Password ကို ၁လတစ်ကြိမ်ခန့်လဲပေးပါ။
(၇)အရေးကြီးကိစ္စများတွင် သုံးလျှင် Mail အား USB ထဲသို့ ဒေါင်းလုပ်ချပြီးအင်တာနက်မရှိသော
စက်တွင်ဖတ်ပါ။( Mozilla Thunderbird ကိုသုံးပါ)။
(၈)Cyber များတွင် သုံးပါက Virtual ကို Password & User account ရိုက်သည့်နေရာတွင်သုံးပါ။

အပြည့်အစုံသို့...

ပိတ်နိုင်ကြပါပေ...ပြိတ္တာတွေ

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံတကာနှင့် အင်တာနက် ချိတ်ဆက်အသုံးပြုမှုကို မြန်မာဘာသာသုံး အခမဲ့အီးမေးလ်စနစ်ဖြင့် စစ်အစိုးရက ပိတ်ပင်နိုင်သည်ဟု အိုင်တီပညာရှင် အသိုင်းအ၀ိုင်းက သုံးသပ်သည်။

မြန်မာဘာသာသုံး အီးမေးလ်စနစ်ကို စစ်အစိုးရ၏ ရတနာပုံတယ်လီပို့က တည်ဆောက်နေပြီး ပြည်တွင်း Bandwith ဖြင့် အသုံးပြုရမည်ဖြစ်ကြောင်း ဖော်ပြသည့် ပြည်တွင်းထုတ် Flower News ဂျာနယ်သတင်းကို ကိုးကားပြီး သုံးသပ်ကြခြင်း ဖြစ်သည်။

“ပြည်တွင်း Bandwith ဆိုရင်တော့ အင်ထရာနက် သဘောမျိုးလုပ်တာပဲ။ အင်ထရာလို့ပဲ ထင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ အီးမေးလ်ကို မြန်မာလိုသုံးဖို့ဆိုတာက တော်တော်တော့ မလွယ်ဘူးလေ။ ဥပမာ နိုင်ငံခြားသားကို မြန်မာလိုပို့လိုက်မယ်ဆိုလို့ ရမလား။ သူပြောတာဆို ပြည်တွင်းသုံး အင်ထရာနက်သဘောဖြစ်ဖို့ များတယ်” ဟု ပြည်တွင်း အိုင်တီပညာရှင်တဦးက ပြောသည်။

လက်ရှိ အနေအထားအရလည်း ပြည်တွင်းစာပို့မှုအတွက် အင်တာနက် အီးမေးလ်ကို အသုံးပြုခြင်းထက် နိုင်ငံတကာနှင့် ဆက်သွယ်ရေးအတွက် ပိုမိုအသုံးပြုနေကြခြင်းဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကမူ နိုင်ငံတကာနှင့် ချိတ်ဆက်သည့် အင်တာနက်မြန်နှုန်း (၁.၅) ဂီဂါဘိုက်သာရှိသဖြင့် ပြည်တွင်းစာပို့အသုံးပြုမှုကို ပြည်တွင်း Bandwith ခွဲခြားအသုံးပြုခြင်းဖြင့် နိုင်ငံတကာနှင့် ချိတ်ဆက်အသုံးပြုသည့် အင်တာနက် မြန်နှုန်းမြင့်လာမည်ဟု အကြောင်းပြပြောဆိုထားသည်။

ပြည်တွင်း Bandwith ဖြင့် အင်ထရာနက်အဖြစ် လုပ်ဆောင်လိုက်ပါက အများပြည်သူအတွင်း သတင်းအချက်အလက် စီးဆင်းမှုကို ပိတ်ပင်ခြင်း၊ ဖြတ်တောက်ခြင်းများ ပြုလုပ်လာမည်ဟု ခန့်မှန်းကြသည်။

စင်ကာပူအခြေစိုက် မြန်မာ အိုင်တီပညာရှင်တဦးကမူ “အင်တာနက်ပဲ လွတ်လွတ်လပ်လပ် ဖြစ်သင့်တယ်။ အခုက သူတို့က မြန်တာ နှေးတာထက် သူတို့ များများ control လုပ်နိုင်မှာကို ရည်ရွယ်တာပါ။ သူတို့ လူတွေကို အင်တာနက် မြန်မြန်ဆန်ဆန် သုံးစေချင်တဲ့ စေတနာရှိမယ်လို့ ထင်သလား” ဟု ဆိုသည်။

အင်ထရာနက်စနစ်ကို ယခင်ပုဂံဆိုက်ဘာတက်ခ် စတင်ကာစက Mail4u အဖြစ် အသုံးပြုခဲ့ဖူးပြီး ၀င်လာသည့်စာများကို စစ်ဆေးကြပ်မတ်ခဲ့သည်။

အင်ထရာနက်စနစ်က ချိတ်ဆက်ထားသော network အတွင်းသာ အသုံးပြုနိုင်ပြီး ပုဂ္ဂလိကလုပ်ငန်းများတွင် အသုံးပြုသော စနစ်တခုဖြစ်သည်။ အင်တာနက်ကဲ့သို့ ကမ္ဘာတလွှား ချိတ်ဆက်နိုင်မည်မဟုတ်ဘဲ ယင်းစနစ် ချိတ်ဆက်ထားသည့် ဒေသတွင်းသာ အသုံးပြုနိုင်မည်ဖြစ်သည်။

“အီးမေးလ်လည်းရတယ်။ ပြီးတော့ customized software တွေလည်းပါတယ်၊ နက်ဝေါ့ခ်အတွင်းမှာ ဘယ်သူသုံးသုံးရတယ်။ အပြင်ကတော့ ၀င်လို့ရဘူး။ အီးမေးလ်တွေကအစ အကုန် filter ရှိပြီးသား” ဟု အိုင်တီပညာရှင်က ပြောသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်း ဦးဆောင်အကောင်အထည်ဖော်နေသည့် ရတနာပုံ ဆိုက်ဘာစီးတီးက လာမည့် ဒီဇင်ဘာ (၂၄) ရက်တွင် ပြုလုပ်မည့် အိုင်စီတီပြပွဲတွင် ယင်း မြန်မာစာစနစ်သုံး အီးမေးလ်စနစ်ကို စတင်မိတ်ဆက်မည်ဟု ဆိုသည်။

စစ်အစိုးရက ယခုလက်ရှိ အင်တာနက် စာပို့စနစ်ကို တရားဝင်ခွင့်ပြုထားခြင်းမဟုတ်ဘဲ အသုံးပြုသူများမှာ အီလက်ထရောနစ် အက်ဥပဒေနှင့် ငြိစွန်းနေသည်။

ှSource :Khitpyaing




အပြည့်အစုံသို့...

19 November 2009

USB ကနေ Password ခိုးတာကာကွယ်နိုင်ရန်


နည်းပညာတိုးတက်လာတာနှင့် အညီ ကွန်ပြူတာသုံးစွဲသူတွေရဲ့ လုံခြုံရေး အတွက်
မေးခွန်း ထုတ်စရာ ဖြစ်လာပါပြီ။ USB Thief ဆိုတဲ့ Software က သင့်ရဲ့ ကွန်ပြုတာ
ထဲမှာ သင်သုံးနေတဲ့ မေးလ်ပတ်စ်ဝေါ့ တွေ နှင့် အခြားပတ်စ်ဝေါ့တွေကို ခိုးယူနိုင်ပါတယ်။
သူများက ကိုယ့်ကွန်ပြူတာ မှာ သူ့ USB လေးထိုးလိုက်တာနှင့် မျက်တောင် တစ်ခတ်
အတွင်းမှာပဲ သင့်ရဲ့ ပတ်စဝေါ့တွေ သူ့ဆီပါသွားပြီသာမှတ် ။
ဒီလိုမဖြစ်အောင် ကာကွယ်ဖို့နည်းလမ်းတွေလည်း ရှိပါတယ်။
အဲဒီဖိုင်ကို Run ဖို့ Autorun ဖိုင်တစ်ဖိုင် ပါတယ် ။ သူ အလုပ်မလုပ်နိုင်အောင် တားလိုက်ရင်
ပြီးပြီပေါ့။ ဒီတော့ USB Disk Security ပဲဖြစ်ဖြစ် ၊ CPE17 ပဲဖြစ်ဖြစ် တင်ထားမယ်ဆိုရင်
အဲဒီ ပြဿနာ ကိုကောင်းစွာကာကွယ်နိုင်ပါလိမ့်မယ်။
USB Thief ကို လိုချင်ရင်တော့ ဒီမှာ ယူပါ ။( Pass =
www.dl4all.com)
USB Disk Security ကို တော့ ဒီမှာ ယူပါ။ (Keygen ပါဝင်ပါတယ်)
CPE17 Auto Run Killer ကို ဒီမှာယူပါ။

အပြည့်အစုံသို့...

ရုပ်ထုတောင် မနေရပါလား



ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားရှိ မြနန်းနွယ်ရုပ်တုကို ညအချိန်တွင် စစ်အာဏာပိုင်များက လာရောက်ပြီး လက်ထိပ် ခတ်လေ့ရှိကြောင်း ကြားသိရသည်။

ဗိုလ်တထောင် ဘုရားရှိ နတ်ရုပ်များထဲမှ အစိမ်းရောင်ဝတ်စုံ ဆင်မြန်းထားသော မြနန်းနွယ်ရုပ်တုကို ည ၁၁ နာရီခန့်တွင် လက်ထိပ် လာခတ်ခြင်း ဖြစ်သည်ဟု အဆိုပါဘုရားအနီး နေထိုင်သူတဦးက ပြောသည်။

“ဘုရားက ည ၁၀ နာရီ ပိတ်တယ်၊ ဘုရားပိတ်ပြီးမှ လာပြီးတော့ လက်ထိပ် လာခတ်တာ၊ မနက် ၆ နာရီ တောင် မထိုးသေးဘူး၊ လာဖြုတ်ပေးတယ်၊ ဘယ်သူမှ မမြင်အောင် လာဖြုတ်တယ်လို့ ထင်တာပဲ၊ အဲဒီလို ညညဆို အစ်မတော် မြနန်းနွယ်နတ်ရုပ်ကို လက်ထိပ် လာခတ်တာ ၄ ရက်ရှိပြီ”ဟု ၎င်းက ဆိုသည်။

ဗိုလ်တထောင်ဘုရားရှိ မြနန်းနွယ်ရုပ်တုအပြင်၊ မင်္ဂလာဒုံ လှော်ကားကန်ထိပ်ရှိ ဘုရားစေတီဝင်းအတွင်းမှ မြနန်းနွယ်ရုပ်တုကိုလည်း ဘုရားရှင်ဘက်သို့လှည့်၍ လက်အုပ်ချီထားသော လက်နှစ်ဘက်ကို ပူးပြီး
လက်ထိပ် လာခတ်ကြောင်း လှော်ကားကန်ဝင်းအတွင်းမှ ၀န်ထမ်းမိသားစုများက ပြောသည်။

“တနေ့က မနက်အစောကြီး ဘုရားဝင်းထဲ ဆွမ်းလာကပ်တော့ မြနန်းနွယ်အရုပ်မှာ အရောင်လဲ့လဲ့နဲ့ ဘာလဲ ဆိုပြီး ကြည့်လိုက်တော့မှ လက်ထိပ်ဆိုတာသိလိုက်တယ်၊ ပထမတော့ ကလေးတွေ နောက်တယ်လို့ ထင် လိုက်သေးတာ၊ လက်ထိပ်ကိုကိုင်ကြည့်တော့ လက်ထိပ်က အကောင်းကြီးဆိုတော့လေ တခုခုပဲလို့ သိလိုက်တာ”ဟု အထက်ပါ ၀န်ထမ်း မိသားစုဝင်တဦးက ဆိုသည်။

အဆိုပါ ဘုရားဝင်းအတွင်းရှိ မြနန်းနွယ်ရုပ်တုကို ညတွင်လက်ထိပ်ခတ်ထားပြီး နေ့ခင်းပိုင်းတွင် လက်ထိပ် လာဖြုတ်ပေးလေ့ရှိသည်ကိုတွေ့မြင်ရကြောင်းလည်း ဘုရားဝင်းအနီးတွင် နေထိုင်သူများက ပြောဆိုသည်။

ယခုကဲ့သို့ မြနန်းနွယ်နတ်ရုပ်တုများကို လက်ထိပ်ခတ်ခြင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား အိပ်မက်ဆိုးပေး သောကြောင့် အပြစ်ပေးသည့်အနေနှင့် ဖြစ်သည်ဟု အစရှိသဖြင့် ရန်ကုန်မြို့ခံများကြားတွင် အမျိုးမျိုးပြောဆို လျက်ရှိကြောင်း သိရသည်။

“ရယ်စရာတော့ကောင်းတယ်၊ ကြားရတာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အစ်မတော်မြနန်းနွယ်က အိပ်မက် ဆိုးပေးလို့ ဆိုပြီး မြနန်းနွယ်ရုပ်တုတွေကို လိုက်ပြီးလက်ထိပ်ခတ်တာလို့လည်း ပြောကြတယ်၊ နောက်တမျိုး ကြားရတာကအိမ်မက်ထဲမှာတဲ့ အစိမ်းရောင်ဝတ်ထားတဲ့ ချောမောလှပတဲ့ အမျိုးသမီးတဦးက ဒေါသ တ ကြီးနဲ့ ခပ်စိမ်းစိမ်းကြည့်လို့တဲ့ ပြောတယ်၊ ပါးစပ်ကလည်းပြောတယ်တဲ့ အဲဒါနဲ့ မြနန်းနွယ်ရုပ်တုကို လာပြီး လက်ထိပ်ခတ်လိုက်တာလို့လည်း ပြောကြတယ်”ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

ရန်ကုန်မြို့မှ ကုန်သည်ကြီးတဦးကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေမိသားစုကို အစိမ်းရောင်ဝတ်ထားသော အမျိုးသမီးကဒုက္ခပေးလိမ့်မည်ဟု ဗေဒင်ဟောသောကြောင့် ယတြာချေသည့်အနေဖြင့် အစိမ်းရောင် မြနန်း နွယ်ရုပ်တုများအားလိုက်လံပြီး လက်ထိပ်ခတ်ဖမ်းဆီးနေခြင်းဖြစ်သည်ဟုကြားသိရကြောင်း ပြောဆိုသည်။

“ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မိသားစုဝင်တွေကို အစိမ်းရောင်ဝတ်ထားတဲ့အမျိုးသမီးတဦးက ဒုက္ခပေးလိမ့် မယ်၊ အဲဒီအမျိုးသမီးကြောင့် အရှက်ကွဲမယ်၊အာဏာစွန့်ရမယ်လို့ ဗေဒင်ကဟောလို့ အစိမ်းရောင် အမြဲဝတ် တဲ့ မြနန်းနွယ်ကို ဦးအောင်လက်ထိပ်ခတ်ပြီး ဖမ်းလိုက်တာလို့လည်း ပြောကြတယ်၊ အမျိုးမျိုး ပြောနေကြ တာပဲ၊ ဘယ်ဟာ အမှန်လဲတော့မသိဘူး”ဟု ယင်း ကုန်သည်ကြီးက ဆိုသည်။

ထို သိုက်နန်းရှင် မြနန်းနွယ်မှာ သာသနာပြုလုပ်ငန်းများကို လုပ်ကိုင်နေခြင်းဖြစ်ပြီး လူယောင်ဖန်ဆင်း၍ သွားလာတတ်ကာ ဘုရားတည်၊ ကျောင်းဆောက် စသည့် သာသနာပြုလုပ်ငန်းများကို လုပ်ကိုင်သောကြောင့်
ကိုးကွယ်သူများပြားကြောင်း သိရှိရသည်။

“မြနန်းနွယ်က ဒီအစိုးရခေတ်မှာ ထင်ရှားလာတဲ့ သိုက်နန်းရှင်ပဲ၊ ၁၉၈၉ နောက်ပိုင်းလောက်မှာ မြနန်းနွယ် ဆိုပြီး အစိမ်းရောင်ဝတ်ထားတဲ့ အမျိုးသမီးတယောက် မြန်မာပြည်အနှံ့သွားပြီး ဘုရားတည်နေတယ် ဆိုတဲ့ သတင်းတွေ ပြန့်လာတယ်၊ သိပ်မကြာခင် သူတည်တဲ့ ဘုရားတွေမှာသူ့ ရုပ်တုတွေ ပေါ်လာတာပဲ၊ အစိုးရ ကလည်း ဒါကို သိတယ်၊ မြနန်းနွယ်အိပ်မက်ပေးလို့ဆိုပြီး ဘုရားတွေမှာ သူ့ရုပ်တုတွေ ထည့်တာကို ခွင့်ပြု ပေးခဲ့တယ်၊ ခုတော့ အိပ်မက်ဆိုးပေးလို့ဆိုပြီး ရုပ်တုတွေကို လက်ထိပ်ခတ်တာ”ဟု အစိုးရ အရာရှိကြီး တဦး ကလည်း ပြောဆိုသည်။
Source:Irrawaddy
အပြည့်အစုံသို့...

စစ်အစိုးရက Facebook ကို ပိတ်လိုက်ပြန်

မြန်မာပြည်သူလူထု အင်တာနက်အသုံးပြုမှုကို နည်းမျိုးစုံဖြင့် ထိန်းချုပ်နေသော စစ်အစိုးရက ပြီးခဲ့သည့် (၃) ရက်မှစပြီး လူထုအတွင်း အသုံးများနေသည့် ဆက်သွယ်ရေးကွန်ရက်တခုဖြစ်သည့် ဖေ့ဘွတ် (Face Book) ကို ပိတ်လိုက်သည်။

မူလလုပ်နေကျအတိုင်း ဖေ့ဘွတ်ကို ပိတ်ပစ်လိုက်ခြင်းမဟုတ်ဘဲ ဆက်သွယ်မှု အမှားအယွင်းပုံစံ အသစ်တမျိုးဖြင့် ပိတ်လိုက်ခြင်းဖြစ်ကြောင်း ပြည်တွင်း အိုင်တီအသိုင်းအ၀ိုင်းက ပြောသည်။

“IP Drop လုပ်ပစ်လိုက်တယ်။ မသိရင် ကိုယ့်ဆီကပဲ ကော်နက်ရှင် ကျနေသလိုလို။ စစ်တပ်က သိပ်ကို တော်ပါတယ်ဗျာ။ အရမ်းတော်ပါတယ်။ Banned တာမဟုတ်ဘဲ connection error ပုံစံမျိုး လုပ်လိုက်တာ ခင်ဗျ” ဟု ပြည်တွင်း အိုင်တီပညာရှင် တဦးက ပြောသည်။

လက်တလော အခြေအနေအရ ဖေ့ဘွတ် အသုံးပြုနေသူများသည် စစ်အစိုးရက ပိတ်ပင်ထားသည့် သတင်းဝက်ဘ်ဆိုက်များကဲ့သို့ ပရော့ဇီများဖြင့်ကျော်ပြီး ခက်ခက်ခဲခဲ အသုံးပြုနေရကြောင်း သိရသည်။

“ပြည်တွင်းမှာ တားမြစ်မထားတဲ့ ၀က်ဘ်ဆိုက်ဆိုတာ မရှိဘူး။ သုံးသမျှ သူတို့ဥပဒေနဲ့ ငြိတာပဲ။ အီးမေးလ်လည်း သူတို့ အီးမေးလ်ပဲ သုံးရမယ်လို့ ပြောထားတာပဲ” ဟု ပြည်တွင်း အိုင်တီပညာရှင်တဦးက ပြောသည်။

စစ်အစိုးရက အင်တာနက်ကဖေးများကို စည်းကမ်းချက် (၁၉) ချက် ချမှတ်ပြီး လာရောက်သုံးစွဲသူများ၏ သုံးစွဲမှုမှတ်တမ်းကို (၅) မိနစ်တခါ မှတ်တမ်းတင်ပြီး ယင်းမှတ်တမ်းများကို (၂) ပတ်တကြိမ် စီဒီများဖြင့် ကူးယူကာ မြန်မာအင်ဖိုတက်သို့ ပေးအပ်ရန် ညွှန်ကြားထားသည်။

ထို့အပြင် လာရောက်သုံးစွဲသူများကို မှတ်ပုံတင်နံပါတ်နှင့် နေရပ်လိပ်စာ အပြည့်အစုံကို မှတ်တမ်းတင်ခိုင်းထားပြီး ဒေါင်းလော့ လုပ်မှုအားလုံးကို မှတ်တမ်းတင်ထားရန်နှင့် အင်တာနက်ဆိုင်များမှ Floppy Drive၊ CD Drive နှင့် USB Port များကိုလည်း သုံးခွင့်မပြုကြောင်း ထုတ်ပြန်ထားသည်။

Source:Khitpyaing
အပြည့်အစုံသို့...

17 November 2009

Internet Download Manager V 5.18 Build 5

Internet Download Manager V 5.18 Build 5(Final Version)+Patch
ကို ဒီမှာ ရယူနိုင်ပါပြီ။
Size=3.02Mb
အပြည့်အစုံသို့...
 

Followers

ခြေရာများ

free invisible web counter

Labels

Blogumulus by Roy Tanck and Amanda Fazani

Min Nay Maung Copyright © 2009