30 November 2009

ကွန်ပြုတာ မှာ ဆရာတစ်ဆူ ဖြစ်ဖို့ ဆိုရင်


ဒီနေ့ မြန်မာလူငယ်တော်တော်များများ ဟာ ချက်တင်ထိုင်တာ ၊ ဖိုရမ်ဝင်ရေး တာလောက်နှင့်ပဲ အချိန်ကုန်နေကြတာ တွေ့ရတယ်။ ကိုယ့်ရဲ့ တန်ဖိုးရှိလှတဲ့ အဲဒီအချိန်တွေ ကို မှန်မှန်ကန်ကန် အသုံးချတတ်မယ် ဆိုရင် ဘယ်လောက်ကောင်းလိမ့်မလဲ။ကျွန်တော်တို့ ခေတ်တုန်းက (၁၉၉၉) တုန်းက ဆိုရင် ကွန်ပြုတာ သင်တန်း ဆိုတာ တော်တော်လေးနည်းသေးတယ်။သင်တန်းကြေးကလည်း မသေးဘူး။ အဲဒီတုန်းက ကျွန်တော်သုံးခဲ့တဲ့ စက်က Socket7စက်လေး။ ခုခေတ်စက်တွေနှင့် တော်တော်ကွာသွားပြီလေ။ ခုဟာတွေက ဖွင့်ပြီဆိုတာ နှင့် ရွှတ်ခနဲ ဆို ပွင့်တာပဲ။ သုံးစရာ Application တွေကလည်း ခုလောက်မပေါဘူးလေ။အဲဒီအချိန်တုန်းက နေ စခဲ့တဲ့ ကွန်ပြူတာ ရောဂါပိုး က ၂၀၀၂လောက်မှာ ကိစ္စတစ်ခုကြောင့် ကွန်ပြူတာဆိုရင် ပြန်ကို လှည့်မကြည့်ဖြစ်တော့ဘူး။
၂၀၀၅မှာတော့ ကွန်ပြုတာလောကထဲပြန်ဝင်ဖြစ်လာတယ်.။ကျွန်တော် ကွန်ပြူတာနှင့် ပတ်သတ်ပြီး ဆရာတော်တော် များများရှိခဲ့ဖူးပါတယ်။ တစ်ချို့ ဆရာတွေကလည်း အိတ်သွန်ဖာမှောက် သင်ပေးသလို တစ်ချို့ ကျတော့ ဆရာစားချန်တာလေးတွေတော့ရှိတာပေါ့ဗျာ။အဓိက ကတော့ သင်ယူလေ့လာတဲ့ တပည့်အပေါ်ပဲ မူတည်ပါတယ်။ ကိုယ်လေ့လာရင် ကိုယ်ကြိုးစားရင် ကိုယ်တတ်မှာပဲလေ။ပြောချင်တာတွေမပြောဖြစ်ပဲ ကိုယ့်အကြောင်းကိုယ်ပြောသလိုဖြစ်နေပြီ။ ကဲ..ခုမှ ပြောချင်တာ ကိုပြောတော့မယ်။
ကွန်ပြုတာလောကမှာ ဆရာတစ်ဆူဖြစ်ဖို့ဆိုရင်
၁။ဝါသနာပါရမယ်။
၂။မျှဝေလိုစိတ်ရှိရမယ်။
၃။အင်္ဂလိပ်စာ သာမန်ထက်ပိုတော်ရမယ်။
၎။အချိန်ပေးနိုင်ရမယ်။
၅။တီထွင်ဆန်းသစ်လိုစိတ်ရှိရမယ်။
၆။ဇွဲရှိရမယ်။စိတ်ရှည်သည်းခံရမယ်။
၇။နည်းပညာတိုးတက်ပြောင်းလဲမှုကို မျက်ခြေမပြတ်လေ့လာသင်ယူနေရမယ်။
အဲဒါတွေထဲက တစ်ချက်လောက်လိုနေရင်တော့ သူများနောက်မှာရောက်နေမှာ သေချာပါတယ်။
ဒီတော့ မိတ်ဆွေ.......
သင် သူများထက်တော်ဖို့တတ်ဖို့ဆိုရင် အဲဒီ ၇ချက်ကို ဖြစ်မြောက်အောင်ကြိုးစားပြီး လုပ်ကြည့်ပါ။
ကွန်ပြူတာ နှင့်ပတ်သတ်ပြီး သင်ဟာ ဆရာတစ်ဆူဖြစ်လာမှာ သေချာပါတယ်။

 

Followers

ခြေရာများ

free invisible web counter

Labels

Blogumulus by Roy Tanck and Amanda Fazani

Min Nay Maung Copyright © 2009