20 December 2010

မဲဆောက်ကွန်ပြူတာလောက က လိမ်လည်မှုကြီး















ငွေကြေးပြဿနာကို ဖြေရှင်းပေးနေစဉ်



ကိုဖြိုးဝေထွန်းသည်ကွန်ပြူတာပစ္စည်းများ ဝယ်ယူရန်အတွက် ကိုမင်းဦးဆိုသူအား မြန်မာငွေ (၂၉) သိန်းကို ပေးခဲ့သည်။ ကိုမင်းဦးမှ ကွန်ပြူတာပစ္စည်းများ ဝယ်ယူ၍မရသဖြင့် မြန်မာငွေ (၁၀) သိန်းကိုသာ ပေးဆပ်ခဲ့ပြီး၊ ကျန်ငွေ (၁၉) သိန်းကို ပေးချေရန် ပျက်ကွက်ခဲ့သဖြင့် ကိုဖြိုးဝေထွန်းမှ ကျန်ငွေ (၁၉) သိန်းအား ပြန်လည်ရရှိရေး ကူညီဆောင်ရွက်ပေးပါရန် (၂၂-၁၀-၂၀၁၀) ရက်နေ့တွင် PVA ရုံးသို့ လာရောက်တိုင်ကြားခဲ့ပါသည်။

PVA မှ နှစ်ဘက်စလုံးအား ခေါ်ယူပြီး ညှိုနှိုင်းပေးမှုကြောင့်၊ ကိုမင်းဦးမှ ကျန်ငွေများကို ပြန်လည်ပေးဆပ်ရန်နှင့် ငွေပေးဆပ်မှုကိုလည်း PVA ရုံးမှတဆင့် ပေးဆပ်ရန် (၅-၁၁-၂၀၁၀) ရက်နေ့တွင် နှစ်ဦးသဘောတူစာချုပ် ချုပ်ပေးနိုင်ခဲ့သည်။

ကိုးကား ။http://pvamas.blogspot.com နှင့် Cache ကို ဒီမှာ ယူကြည့်နိုင်ပါတယ်။
အပြည့်အစုံသို့...

19 May 2010

Nero 7 Ultra Edition

Nero Version တွေ ဘယ်လောက်ပဲ အသစ်ထွက်နေနေ ခွေကူးတဲ့ မြန်နှုန်းမှာတော့ Nero 7 ကို မမှီပါဘူး။
အသစ်တွေ ဘယ်လိုကောင်းကောင်း အဟောင်းကိုတော့ တလည်လည် ဖြစ်နေရ တဲ့ အထဲ မှာ Nero 7 လည်း
တစ်ခု အပါအ၀င်ပဲပေါ့။ လိုရမယ်ရ ပေါ့ ။ တင်ထားတာကတော့ Hotfile မှာပါ။
ဒီမှာ က Trial
ဒီမှာ က serial
စကားမစပ် ကျွန်တော် ပို့စ်တွေ မရေးဖြစ်တာ တော်တော်ကြာသွားပါပြီ.။ ဘာလို့လဲဆိုတော့
အင်တာနက်ဖိုး မဆောင်တာ လေးလရှိလို့ ..။ :D
လေးလတောင်ဆိုတော့ Amount များသွားတော့ တော်တော်နှင့် သွားမဆောင်ဖြစ်တာ။ ဒါကြောင့်ပါ။
အမြဲတမ်း လာရောက်လည်ပတ်တဲ့ အွန်လိုင်း က ညီအစ်ကို မောင်နှမတွေကို အကြောင်းမကြားပဲ
ခေတ္တပျောက်သွားတဲ့ အတွက်တောင်းပန်ပါတယ်။ ပြီးရင် Mediafire မှာ လည်း ဒီည Nero 7 ကို
ထပ်တင်ပေးထားပါ့မယ်။ ကျေးဇူး.....
အပြည့်အစုံသို့...

15 March 2010

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ (၅/၂၀၀၄)


လိုချင်ရင် လိုက်ရှာရတာ ခက်နေမှာ စိုးလို့တင်ထားပေးတာပါ။ ဥပဒေကို သိတော့ လက်တစ်လုံးခြား
လုပ်လို့ရတာပေါ့ ။ :D
ဒါမှ ညီငယ် နေဘုန်းလတ် လို မခံရမှာလေ။
ဒီမှာ ရယူ ဖတ်ရှုပါ။

အပြည့်အစုံသို့...

14 March 2010

လျှပ်စစ်ဥပဒေ (၁၉၈၄ ပြည်သူ့လွှတ်တော် ဥပဒေ အမှတ်-၇)



ဒီမှာ ရယူပါ။
အပြည့်အစုံသို့...

မရွေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ



၁၉၈၇ ခုနှစ် ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၁ အရ ထုတ်ပြန်ခဲ့တာပါ။
ဒီမှာ ရယူ ဖတ်ရှုနိုင်ပါတယ်။
အပြည့်အစုံသို့...

သံဃာ့ အဖွဲ့အစည်းဆိုင်ရာ ဥပဒေ (န၀တ -၂၀/၉၀)



ဒီမှာ ရယူပါ။
အပြည့်အစုံသို့...

အရေးပေါ်စီမံမှု အက်ဥပဒေ(၁၉၅၀ အက်ဥပဒေအမှတ် ၁၇)



စိတ်ဝင်စားလို့ ဖတ်ချင်တာပဲဖြစ်ဖြစ် ၊လေ့လာကိုးကား ချင်တာပဲဖြစ်ဖြစ် လိုရမယ်ရလေးတင်ထားပေးတာပါ။
ဒီမှာ ယူလိုက်ပါ။
အပြည့်အစုံသို့...

12 March 2010

2010 Election Law

အပြည့်အစုံသို့...

05 March 2010

Macromedia Flash Paper


















Word,Excel ,Photo.. စတာတွေကို Flash ဖိုင်ပဲဖြစ်ဖြစ် ၊ PDF ဖိုင်ပဲဖြစ်ဖြစ်ပြောင်းချင်ရင် သုံးတဲ့ Softwareပါ။
သုံးရတာလွယ်ပါတယ်။ ပြောင်းချင်တဲ့ဖိုင်ကို Drag ယူပြီး Dropလုပ်လိုက်ရုံပဲ။ဖိုင်ဆိုက်က 17Mb.
တင်ထားတာက ထုံးစံအတိုင်း Mediafire။ Keygen ပါလို့ ထုံးစံအတိုင်း Antivirus Software တွေကို ခဏပိတ်ထားပေးဖို့လိုပါမယ်။ ဒီမှာ ဒေါင်းပါ။

အပြည့်အစုံသို့...

အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေ(၆/၈၈)


ဒီမှာ ယူပါ။

အပြည့်အစုံသို့...

Adobe Indesign Cs2













ညီလေး လို့ထင်တာပဲ။ မျိုးမျိုးတောင်းထားတာ တင်ပေးလိုက်ပါတယ်။
အထဲမှာ Keygen ပါ ပါတယ်။ သူ့ကို သုံးမယ်ဆိုရင် Antivirus Software
တွေကို ပိတ်ထား သို့မဟုတ် Disable ပေးထားဖို့လိုပါလိမ့်မယ်။ CS2 Version
များ အတွက် Keygen ဖြစ်ပြီး မိမိ အသုံးပြုလို့တဲ့ Software အမည်ကို မှန်အောင်
ရွေး Generate လုပ်ပေးတာနှင့် Key ရလာပါလိမ့်မယ်။ ရလာတဲ့ key ကို ထည့်ပြီး
ရင် Activate option မှာ Telephone ကိုရွေးပေးပါ။ ထပ်ရလာတဲ့ Request Code
(Request Code က စက်မှာ Adobe Indesign ကို Install လုပ်ရင် အလိုအလျောက်ရလာမယ့် Key ပါ) ကို software type မှန်အောင်ရွေး Key ကိုကော်ပီလုပ်ပြီး Generate ထပ်လုပ်ပေးပါ။ Answer Code ရလာရင် Activate လုပ်တဲ့ ဆီမှာ နောက်ဆုံး
အဆင့်အနေနှင့် ထည့်ပြီးရင် အမြဲတမ်းသုံးလို့ရပါပြီ။
Mediafire မှာ တင်ထားပေးပြီး ဖိုင်ဆိုက် 140Mb ရှိကာ Hjsplit နှင့် ဖိုင်ခွဲထားတာပါ။

အပိုင်း-(၁) (70Mb)
အပိုင်း-(၂)(70Mb)
အပိုင်း(၃)(700Kb)
အပြည့်အစုံသို့...

Xp ကို ငြီးငွေ့နေသူများအတွက် Zorin OS

Windows Xp ကို သုံးရတာ ငြီးငွေ့နေသူများ ၊ Virus အကိုက်ခံရလို့ စိတ်ညစ်နေသူ
များအတွက် Zorin OS လေး သုံးကြည့်ပါ။ ခိုက်သွားလိမ့်မယ်။
Zorin ဆိုလို့ ထူးထူးဆန်းဆန်း တော့မဟုတ်ပါဘူး ။Ubuntu ကို ပြန်ပြင်ထားတဲ့ OS ပါ။
Wine ပါ တစ်ပါတည်း ထည့်ပေးထားလို့ exe ဖိုင်တွေ Run ဖို့ အဆင်ပြေပါတယ်။
ဖိုင်ဆိုဒ်က 1.4Gb....။
http://zorin-os.webs.com/download.htm မှာ ယူလိုက်ပါ။
Zawgyi Font Install လုပ်ပုံကိုတော့ ဒီမှာ ကြည့်ပါ။
Zorin ကို USB မှာလည်းတင်နိုင်ပါတယ်။သုံးကြည့်လိုက်ပါ။ကြိုက်မှာသေချာပါတယ်။



အပြည့်အစုံသို့...

25 February 2010

Windows Xp Universal Driver Pack




Windows Xp Driver တွေ စုထားတဲ့ ခွေပါ။
Driver တွေ စုံစုံလင်လင်ပါရှိပါတယ်။
ဆောင်ထားသင့်တာမို့မျှဝေလိုက်တာပါ။
Mediafireမှာတင်ထားတာဖြစ်ပြီး(ကျွန်တော်တင်ထား
ခြင်းမဟုတ်ပါ) ဖိုင်ဆိုက်က ၁.၅ ဂစ်နီးပါးရှိပါတယ်။
Hj Split နှင့် ဖိုင်ခွဲထားတာဖြစ်ပြီး ဖိုင်ချုံတဲ့ Software
များဆိုတဲ့ ဒီပိုစ့်မှာ
Hj split ကို ရယူနိုင်ပါတယ်။
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
အပြည့်အစုံသို့...

23 February 2010

Windows Xp 9 in 1


Part-1
Part-2
Part-3
Part-4
part-5
part-6
part-7
part-8
part-9
part-10
part-11
part-12
part-13




ပါ0င်တာ ကတော့
Windows XP Home OEM with Service Pack 2

Windows XP Home Retail with Service Pack 2

Windows XP Home Upgrade with Service Pack 2

Windows XP Media Center 2005 with Service Pack 2

Windows XP Pro Corp with Service Pack 2

Windows XP Pro OEM with Service Pack 2

Windows XP Pro Retail with Service Pack 2

Windows XP Pro Upgrade with Service Pack 2



















အပြည့်အစုံသို့...

06 February 2010

BIOS Update လုပ်မယ်ဆိုရင်.....


























ဒီနေ့ စိတ်မကောင်းစရာ တစ်ခု နှင့်ကြုံရတယ်ဗျာ။ သူငယ်ချင်းတစ်ယောက် သူ့ Lenovo Notebook လေးကို
Bios Update လုပ်ရာက နေ စက်က လုံးဝ သေသွားတယ်။ ဘာဖိုင်မှန်း မသိလို့ Update ဆိုတာနှင့် Download
လုပ်ပြီး Update လုပ်တာ စက်က ဟန်းနေလို့ ဆိုပြီး စက်ကို ပိတ်ချလိုက်တာ။ ခုတော့ ဘာမှကို မတက်လာတော့ ဘူး။ ကျွန်တော်လည်း ပထမက စက်ကို ဖွင့် ...Volt တွေ တိုင်းကြည့်တော့လည်း ပုံမှန်ပဲ။
ဘာကြောင့် စက်တက်မလာလဲဆိုတာ စဉ်းစားမရဖြစ်နေတာ။ နောက်တော့ စက်မပျက်ခင် ဘာတွေ လုပ်သေး
လဲမေးကြည့်တော့ မှ သေဟ ဆိုပြီး နှမြောတသ ဖြစ်ရတော့တယ်။ သူက မြွေအကြီးကြီးကို မှ သွားဖမ်းတာကို။
ခုတော့ Service Center ကိုပဲ ပို့ရတော့မယ်။ BIOS ဆိုတော့ ကျွန်တော်လည်း ဘာမှမတတ်နိုင်တော့ဘူးလေ။

ဒီအကြောင်းလေးကို အခြေခံပြီး မသိသေးတဲ့ သူတွေ မိမိရဲ့ စက်တွေ ပျက်စီးမှု မဖြစ်အောင် ပို့စ် တစ်ခုတော့
တင်မှ ဆိုပြီး ရေးဖြစ်ခဲ့တာပါ။
BIOS ဆိုတာ က Basic Input Output System ရဲ့ အတိုကောက်ပါ။အလွယ်ဆုံး နားလည်အောင်ပြောရရင်
ဝင်းဒိုးမတက်ခင် ပထမဆုံး ပေါ်လာတဲ့ Screen ပေါ့။ သူက CPU , RAM ,VGA, HDD ရှိမရှိ ကောင်းမကောင်း
မှန်မမှန် စစ်ဆေးပြီး အားလုံးကောင်းတော့ မှ စက်ကို ၀င်းဒိုးတက်စေတာ။အကျယ်ပြောရရင်တော့
CPU,Motherboard,Keyboard,VGA,HDD,Memory...စတာတွေ ကောင်းမကောင်း။ရှိမရှိစစ်မယ်။ကောင်းမယ်
ရှိမယ်ဆိုရင်တော့ BootStrapLoader ကနေပြီး OS ကိုရှာပြီး Window တက်စေတာပေါ့။
ခုတော့ အဲဒီစနစ်မရှိတော့ စက်ကတော့ နိုးမယ်။ ဘာမှမလာဘူးဖြစ်တာပေါ့။
ဒီတော့ BIOS ကို Update လုပ်မယ်ဆိုရင်
၁။မီးပျက်တတ်တဲ့နေရာမျိုးဆိုရင် UPS ရှိမှဖြစ်ပါမယ်။ မီးပျက်လို့လုံးဝမရပါ။
၂။ မိမိရဲ့စက် သုံးရတာ အဆင်ပြေနေတယ်ဆိုရင် BIOS Update မလုပ်ပါနှင့်။
၃။ အပူကြောင့် စက်ဟန်းတာမျိုးမဖြစ်ရအောင် ပန်ကာတစ်လုံးလောက် စက်ကိုမှုတ်ထားပေးလိုက်ပါ။
၎။BIOS လုပ်နေစဉ် အတွင်း မှာ တက်လာတဲ့ Message များကို သေချာစွာဖတ်ရှုပြီးမှ ညွှန်ကြားသည့်အတိုင်း
မသွေ မတိမ်း လုပ်ဆောင်ပေးပါ။
၅။ BIOS လုပ်နေစဉ် အတွင်း စက်ကို Restart .Shutdown မလုပ်မိရန်နှင့် အဆိုပါ
Restart .Shutdown ဖြစ်စေသော
Program များ Run နေခြင်းရှိမရှိ သေချာစွာ စစ်ဆေးပေးပါ။
၆။ မိမိစက် မော်ဒယ်လ်နံပတ် နှင့် ကိုက်ညီမှုရှိသော BIOS ဟုတ်မဟုတ် သေချာစွာစစ်ဆေးပါ။
ဒီလောက်ဆိုရင်တော့ ရလောက်ပါပြီ။ သူငယ်ချင်းတွေ BIOS Update ကို အောင်မြင်စွာ လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။


အပြည့်အစုံသို့...

05 February 2010

ERD Commander 2007



















အသုံးဝင်တဲ့ ဆောင်ထားသင့်တဲ့ software လေးပါ။ သူ့ကို Mediafire မှာတင်ထားပြီး ဖိုင်ဆိုက်က ၄၅မက်
ရှိပါတယ်။ ဖိုင် ချုံ့ထားတာ ကို ပြန်ဖြည်လိုက်ရင် ISO ဖိုင်ရမယ်။ ISO ဖိုင်ကို ဘမ်းလိုက်ရင်ရပြီ ။
ဘမ်းဖို့ Software တွေ ပေးထားပြီးသားဖြစ်လို့ ထပ်မပေးတော့ဘူးနော်။
ERD က တော်တော်များများ အသုံးပြုလို့ရတယ်။
ဥပမာ အနေနှင့် Administrator Password မေ့တာမျိုးကို Lock Smith နှင့် ၀င်ပြင်လို့ရတယ်။
ဗိုင်းရပ်စ် ဖိုင်ကို ဖျက်လို့ရတယ်။ Loikaw တုန်းက Kaspersky တောင်မလိုဘူး ။သူနှင့်ပဲ သတ်လိုက်တာ။
ဝင်းဒိုးမတတ်ရင် ၀င်ပြင်လို့ရတယ်။ Registry ၀င်ပြင်လို့ရတယ်။
သုံးတတ်ရင် အများကြီး သုံး လို့ရတယ်ဗျာ...။

ဒီမှာ ယူလိုက်ပါ။
အပြည့်အစုံသို့...

Anti Porn ကို Password မေ့ခဲ့ရင်



ပြီးခဲ့တဲ့ ၂ရက်က ညီငယ်တစ်ယောက် သူ့စက်မှာ Anti Porn တင်ထားပြီး Password မေ့နေလို့ Net တက်မရ
ဖြစ်နေလို့ဆိုပြီး လာပြောတယ်။ ဒါနှင့်ပဲ သူ့ဆီ လိုက်သွားပြီး password ပြန်ဖော်ဖို့ကြိုးစားကြည့်တယ်။
Software တော်တော်များများနှင်ြ့ပန်ဖော်ကြည့်တယ် ။ Password က ပြန်မရလာဘူး။ ဒါနှင့် ပဲ Anti Porn ကို uninstall လုပ်ဖို့ကြိုးစားကြည့်ရတော့တယ်။Uninstall လုပ်ကြည့်တော့လည်းမရ။ System Restore လုပ်ကြည့်တော့လည်းမရ။ Manual Delete လုပ်ကြည့်တော့လည်းမရပြန်။ Moso Force Delete နှင့် Unlocker
တို့လည်း မကယ်နိုင်ဖြစ်နေရောဗျာ။ နောက်မှခေါင်းထဲက အကြံ ထွက်လာတယ်။ ERD Commander ကို သွား သတိရတယ်။ ERD ခွေလည်းထည့်ပြီး Boot တက်လိုက်တယ်။ ပြီးတော့ Program ဖိုင်ထဲမှာ tueagles ဆိုတဲ့ Folder တစ်ခု လုံးကို ဖျက်လိုက်တယ်။ တကယ်လို့ အဲဒီ Folder ကို မမြင်ရရင် Folder option ထဲမှာ Show
Hidden ဖိုင်ဆိုတာ ကို ရွေးပေးပါ။ အဲဒီ Folder ကို ဖျက်ပြီးတာနှင့် Registry ထဲဝင်ပြီး Cont+F နှိပ်ပြီး
tueagles ဆိုတာထည့်ပြီး ရှာကြည့်လိုက်တယ်။ သူနှင့် သက်ဆိုင်တာတွေ ကို အားလုံးဖျက်လိုက်တယ်။
နောက်ပြီး Anti Porn
ဆိုတာထည့်ပြီး ရှာကြည့်လိုက်တယ်။ တွေ့တာနှင့် လိုက်ဖျက်လိုက်တယ်။
နောက်ဆုံး Registry ထဲမှာ မရှိတော့ ဘူး ဆိုတဲ့ Mess Box လေးပေါ်လာမှ ပဲ စက်ကို Restart လုပ်လိုက်တယ်။
ဟော....၀င်းဒိုးတက်လာတာနှင့် ငနာလေး အန်တီပွန်း တက်မလာတော့ ဘူး ။ နက်လည်းတက်လို့ရသွားပြီ။
တခြားနည်းလမ်းတွေနှင့် လည်း ရှိမှာ ပါ။ ကျွန်တော်က တော့ ဒီနည်းပဲ စဉ်းစားမိလို့ လုပ်လိုက်တာပါ။
Registry ထဲ ၀င်ဖျက်တဲ့ အခါမှာ သတိထားဖို့လိုပါတယ်။ ဖြစ်နိုင်ရင် Registry ကို Back up ပြန်ထားလိုက်။
သူနှင့်ဆိုင်တာပဲဖျက်ရင် ပြဿနာမရှိပါဘူး..။
သူငယ်ချင်းတွေထဲမှာ ဒီပြဿနာကြုံလာရင် အသုံးပြုနိုင်အောင်ပါ။
အပြည့်အစုံသို့...

Ulead Video Plus 11.5
























Ulead က Adobe Premier လောက် မကောင်းပေမယ့် သုံးရတာ လွယ်တယ်။ Video Editing နှင့် ပတ်သတ်ပြီး
အပျော်တမ်း ပဲလုပ်လုပ် ၊ ကလိချင်လို့ပဲဖြစ်ဖြစ် သုံးရတာ လွယ်ပါတယ်။
လို အပ်မယ်ဆိုရင် တော့ ဒီမှာ ယူပါ ။ ဖိုင်ဆိုက်က ၁၃၇ မက်။ Mediafire မှာတင်ထားတာပါ။

အပြည့်အစုံသို့...

Windows Lenovo Xp 7 2010 (SATA support)
























































































PATA သို့ SATA နှစ်မျိုးလုံးမှာတင်လို့ရပါတယ်။Driver တော်တော်များများတော့ပါဝင်ပါတယ်။ ပြီးတော့ IE8, WMP 11,Latest Update & Hotfix တွေ ပါဝင်ပါတယ်။ ဖိုင်ဆိုက်ကလည်း ၆၅၁မက် ဆိုတော့ ဆောင်
ထားသင့်ပါတယ်။ ၀င်းဒိုးလှလှလေး ကို ၀င်းဒိုး ဆဲဗင်း စတိုင် သုံးချင်တဲ့ သူများအတွက် သင့်တော်ပါတယ်။
၂ နေရာ မှာ တင်ထားတယ်။ ကျွန်တော်တင်ထားတာမဟုတ်ဘူး ။တခြားဆိုက်တစ်ခုက တွေ့လို့။
Rapidshare နှင့် Hotfile မှာတင်ထားတယ်။ Mediafire မှာလည်း ကျွန်တော်မကြာခင်တင်ထားပေးမယ်။
RAR ဖိုင်တွေ ကိုဖြည် ပြီးသွားရင် ISO ဖိုင်ရလာပြီး ဘမ်း ဖို့လိုအပ် တဲ့ Software ကို ဒီမှာ ယူပါ။

Rapidshare

အပိုင်း-၁
အပိုင်း-၂
အပိုင်း-၃
အပိုင်း-၎

Hotfile

အပိုင်း-၁
အပိုင်း-၂
အပိုင်း-၃
အပိုင်း-၎
အပြည့်အစုံသို့...

03 February 2010

Windows Xp ကို Validate လုပ်နည်း

ဒါလေးကို ကော်ပီကူး ပြီးရင် Notepad မှာ ပေ့စ်လိုက်။ ပြီးရင် file extension ကို reg နှင့် Save လိုက်ပါ။
ပြီးရင် အဲဒီ reg ဖိုင်လေးကို Click ...OK ..ပြီးရင်တော့ ပြီးပြီပေါ့။
အဲဒီလိုပြဿနာ က Windows Media Player 11 ကို တင်လိုက်ရင်ပဲဖြစ်ဖြစ်၊ Microsoft ကနေ Update လုပ်ရင်ပဲ
ဖြစ်ဖြစ်၊ IE 8 ကို တင်ရင်ဖြစ်ဖြစ် ကြုံတတ်ပါတယ်။ ကြုံလာရင် အသုံးဝင်အောင်ပါ။
reg ဖိုင်ဆိုက် ကသေးသေးလေးပါ။ ကျွန်တော်တင်ပေးလို့ရပါတယ်။ ဒါပေမယ့် ကိုယ်တိုင်လုပ်ကြည့်စေချင်လို့
မတင်ပေးတာ ကို နားလည်ပေးပါဗျာ။ကျွန်တော်လည်း အလုပ်တွေ မအားမလပ်တဲ့ကြားက အချိန်နည်းနည်းလေး
ရတာနှင့် ဘလော့ဂ်ပဲရေးဖို့စိတ်ကူးနေတာ..။ အချိန်ရတာနှင့် Notepad အသုံးပြုပုံအကြောင်းရေးပေးပါဦးမယ်။
Notepad ဆို ပြီး အထင်တော့ မသေးနှင့်နော်။ Notepad က တကယ်သုံးတတ်ရင် သုံးလို့ရတာ အများကြီးနော်။
နိမှသောင် .နောင်မှသိမယ်....ကဲ ဒီနေ့တော့ ဒီလောက်ပါပဲ။
အောက်ကဟာ လေးတွေ ကူးပြီး Notepad မှာကူးပြီး Reg အနေနှင့်မှတ်ပြီး သိမ်းထားလိုက်ပေတော့။
လိုရင် သုံးရတာပေါ့။ reg အနေနှင့် မှတ်တယ်ဆိုတာ က Notepad မှာ txt ဆိုပြီး Text အနေနှင့်မသိမ်းဘဲ
ဖိုင်နာမည်ကို 1.reg လို့ပေးတာမျိုးပါ။ သိပြီးသားလူတွေ အတွက် တော့ အချိန်ကုန်ခံပြီးဖတ်မိရင် တောင်းပန်ပါ
တယ်ဗျာ။ ..

Windows Registry Editor Version 5.00

[HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion]
"CurrentBuild"="1.511.1 () (Obsolete data - do not use)"
"ProductId"="55274-640-1011873-23081"
"DigitalProductId"=hex:a4,00,00,00,03,00,00,00,35, 35,32,37,34,2d,36,34,30,2d,\
31,30,31,31,38,37,33,2d,32,33,30,38,31,00,2e,00,00 ,00,41,32,32,2d,30,30,30,\
30,31,00,00,00,00,00,00,00,86,56,4e,4c,21,1b,2b,6a ,a3,78,8e,8f,98,5c,00,00,\
00,00,00,00,dd,da,47,41,cc,6b,06,00,00,00,00,00,00 ,00,00,00,00,00,00,00,00,\
00,00,00,00,00,00,00,00,00,00,00,38,31,30,32,36,00 ,00,00,00,00,00,00,b5,16,\
00,00,83,83,1f,38,f8,01,00,00,f5,1c,00,00,00,00,00 ,00,00,00,00,00,00,00,00,\
00,00,00,00,00,00,00,00,00,00,00,00,00,00,00,00,00 ,66,e5,70,f3
"LicenseInfo"=hex:33,b7,21,c1,e5,e7,cd,4b,fd,7c,c6 ,35,51,fd,52,57,17,86,3e,18,\
d3,f4,8c,8e,35,32,7b,d1,43,8d,61,38,60,a4,ca,55,c9 ,9a,35,17,46,7a,4f,91,fc,\
4a,d9,db,64,5c,c4,e2,0f,34,f3,ea

[HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\WPAEvents]
"OOBETimer"=hex:ff,d5,71,d6,8b,6a,8d,6f,d5,33,93,f d


အပြည့်အစုံသို့...

02 February 2010

Adobe Pagemaker 7.01

Adobe Page Maker လိုချင်သူများအတွက်ပါ။ Try Out Version ဆိုပေမယ့် အထဲမှာ ပါတဲ့
Crack ဖိုင်ကိုInstall လုပ်ပြီးတဲ့ အခါ C://Program File//Adobe ထဲကို paste လုပ်ပေးလိုက်ပါ။
အမြဲတမ်းသုံးလို့ရပါလိမ့်မယ်
Mediafire မှာတင်ထားပေးတာဖြစ်ပြီး ဖိုင်ဆိုဒ်က တော့ ၆၅မက်ပါ။ အသုံးလိုမယ်ဆိုရင်တော့ ဒီမှာယူပါ။

အပြည့်အစုံသို့...

30 January 2010

ကိုစိုးမင်း ရဲ့ အဘိဓာန်


လက်ဖျားခါရလောက်အောင်တော်တဲ့ နောင်တော်ကြီးရဲ့ လက်ရာပါ။ မြန်မာကနေ အင်္ဂလိပ်လိုပဲ ရှာရှာ ၊
အင်္ဂလိပ်ကနေ မြန်မာလိုပဲ ရှာရှာ အဆင်ပြေလှတဲ့ အဘိဓာန် ဆော့ဖ်ဝဲလေးပါ။ လိုချင်ရင်တော့ ဒီမှာယူပါ။
ဆိုက်က ၅မက်ကျော်ကျော်လေးပါပဲ။
အပြည့်အစုံသို့...

Window XP64 Bit All in One 9MB


Windows Xp 64 bit Version ကလိုချင်ရင် အရမ်းရှာရခက်ပါတယ်။ ဖိုင်ဆိုဒ် ကလည်း ၉မက်ပဲ ရှိတာမို့ ဆောင်ထား သင့်တယ်လို့ထင်ပါတယ်။ Mediafire မှာတင်ထားတာဖြစ်ပါတယ်။ လိုချင်ရင်တော့
ဒီမှာ ဒေါင်းလိုက်ပါ။ ဒေါင်းပြီးသွားရင် Winrar နဲ့ ဖိုင်ပြန်ဖြေ ပြီးပြီးတဲ့အခါ 3.5 GB ရှိတဲ့ ISO ဖိုင်ကိုရလာမှာပါ။ ရလာတဲ့ ISO ဖိုင်ကို Nero နဲ့ပဲ ဘမ်းဘမ်း ၊ Active ISOနဲ့ပဲ ဘမ်းဘမ်း နောက်ဆုံးမှာ 6 in 1 Windows ခွေ
တစ်ခွေကို ရပါပြီ။ ပြောဖို့မေ့နေတာ။ 6 in 1 ဆိုတာက ဒါတွေပါ။
Windows XP x64 Retail, Windows XP x64 Corporate, Windows 2003 x64 Enterprise Retail , Windows 2003 x64 Enterprise Corporate, Windows 2003 x64 Standard Retail, Windows 2003 x64 Standard Corprate..။
ကဲ အအဆင်ပြေကြပါစေဗျာ။


အပြည့်အစုံသို့...

28 January 2010

ဘာသာ သာသနာကို ကာကွယ်ကြပါစို့


ဗုဒ္ဓဘာသာ ကိုစော်ကားနေတဲ့ ဘလော့ဂ်တစ်ခုကို ဖျက်ဖို့ ကြိုးစားခဲ့တာ အကြိမ်ကြိမ်ပါပဲ။ အခုမှ Blogspotကလည်း လုံခြုံရေး က ကောင်းမှကောင်းဖြစ်နေတော့ ကြိုးစားသမျှ အရာမထင် ဖြစ်နေရတယ်။
နောက်ဆုံးတော့ အွန်လိုင်း က သူငယ်ချင်းတွေ အကူအညီကို ယူ ပြီး ဒီဘလော့ဂ်ကို Google ကဖြုတ်ချဖို့ပဲ
အကူအညီတောင်းရတော့မယ်။ သူငယ်ချင်းတို့လည်း ဗုဒ္ဓဘာသာ သာသနာတော်ကြီးကို မှေးမှိန်အောင် လုပ်နေတဲ့ ဒီဘလော့ဂ်ကို ၀ိုင်းဝန်း အရေးယူပေးဖို့ တိုက်တွန်းလိုပါတယ်။
ဒီလင့်ခ် လေးမှာ http://messengerforbuddhist.blogspot.com လေး ထည့်ပြီး submit လုပ်ကာ ၀ိုင်းဝန်းကူညီပေးကြပါ။

အပြည့်အစုံသို့...

27 January 2010

Kaspersky Kryptostorage V 1.0.215+Patch


မိမိ ရဲ့ ဒေတာတွေ လုံခြုံရေးအတွက် တကယ် အသုံးဝင်တဲ့ Software တစ်ခုပါ။
ကွန်ပြုတာပျောက်သွားရင်ပဲ ဖြစ်ဖြစ် ဟက်ဒစ်စ် အခိုးခံရလို့ပဲဖြစ်ဖြစ် ၊
Hacker တွေရဲ့ ထိုးဖောက်မွှေနှောက် မှုကြောင့်ပဲဖြစ်ဖြစ် မိမိ ရဲ့ ဒေတာတွေ သူများ
တွေ ဘယ်လိုမှ ဖွင့်ကြည့်လို့မရအောင်ကာကွယ်ပေးပါတယ်။ပြီးတော့ ဖျက်ပြီးသား
ဖိုင်ကို ဘယ်လိုမှ ပြန် Recover လုပ်လို့မရအောင်လည်း ပြုလုပ်ပေးနိုင်ပါတယ်။
ကဲ ..ဒီလောက်ကောင်းတဲ့ Software လိုချင်ရင်တော့ ဒီမှာ ဒေါင်းပေတော့
ဆိုက်က ၁၂မက် ။Mediafire မှာတင်ထားပေးထားတယ်။
အသေးစိတ်သိချင်ရင် English လိုကိုယ်တိုင်ကိုယ်ကျ ဖတ်ချင်ရင်တော့ ဒီမှာ သာဖတ်ကြည့်ပေတော့..။ကျွန်တော်တော့မသုံးဘူး ။ဘာလို့လဲဆိုတော့ စက်ထဲမှာ သူများခိုးစရာ ဘာမှ
မရှိလို့။


အပြည့်အစုံသို့...

02 January 2010

Norton Antivirus 2010

















Norton ကို တော့လူတိုင်းသိကြမှာပါ။Kaspersky မပေါ်ခင်ကတည်းက နာမည်ကြီး Antivirus တစ်ခုပါ။သူ့ကို သုံးမယ်ဆိုရင် ရက် ၉၀ အလကားပေးသုံးပါတယ်။ရက် ၉၀ ပြည့်ရင် Trial Reseter နှင့် ပြန်ပြီး နောက်ထပ်ရက် ၉၀ ထပ်ယူလို့ရပါတယ်။လိုချင်တယ်ဆိုရင်
ဒီမှာ
ယူပါ။ Mediafire မှာတင်ထားပြီးဆိုက်က၈၅မက်ဂါဘိုက် ရှိပါတယ်။ Trial Resetter ကိုတော့ နောက်ရက်မှ တင်ပေးပါ့မယ်။ Kasper သုံးရတာ အဆင်မပြေတဲ့သူတွေ သုံးကြည့်ပါ။ တော်တော်လေးကောင်းပါတယ်။
အပြည့်အစုံသို့...
 

Followers

ခြေရာများ

free invisible web counter

Labels

Blogumulus by Roy Tanck and Amanda Fazani

Min Nay Maung Copyright © 2009