05 February 2010

Anti Porn ကို Password မေ့ခဲ့ရင်



ပြီးခဲ့တဲ့ ၂ရက်က ညီငယ်တစ်ယောက် သူ့စက်မှာ Anti Porn တင်ထားပြီး Password မေ့နေလို့ Net တက်မရ
ဖြစ်နေလို့ဆိုပြီး လာပြောတယ်။ ဒါနှင့်ပဲ သူ့ဆီ လိုက်သွားပြီး password ပြန်ဖော်ဖို့ကြိုးစားကြည့်တယ်။
Software တော်တော်များများနှင်ြ့ပန်ဖော်ကြည့်တယ် ။ Password က ပြန်မရလာဘူး။ ဒါနှင့် ပဲ Anti Porn ကို uninstall လုပ်ဖို့ကြိုးစားကြည့်ရတော့တယ်။Uninstall လုပ်ကြည့်တော့လည်းမရ။ System Restore လုပ်ကြည့်တော့လည်းမရ။ Manual Delete လုပ်ကြည့်တော့လည်းမရပြန်။ Moso Force Delete နှင့် Unlocker
တို့လည်း မကယ်နိုင်ဖြစ်နေရောဗျာ။ နောက်မှခေါင်းထဲက အကြံ ထွက်လာတယ်။ ERD Commander ကို သွား သတိရတယ်။ ERD ခွေလည်းထည့်ပြီး Boot တက်လိုက်တယ်။ ပြီးတော့ Program ဖိုင်ထဲမှာ tueagles ဆိုတဲ့ Folder တစ်ခု လုံးကို ဖျက်လိုက်တယ်။ တကယ်လို့ အဲဒီ Folder ကို မမြင်ရရင် Folder option ထဲမှာ Show
Hidden ဖိုင်ဆိုတာ ကို ရွေးပေးပါ။ အဲဒီ Folder ကို ဖျက်ပြီးတာနှင့် Registry ထဲဝင်ပြီး Cont+F နှိပ်ပြီး
tueagles ဆိုတာထည့်ပြီး ရှာကြည့်လိုက်တယ်။ သူနှင့် သက်ဆိုင်တာတွေ ကို အားလုံးဖျက်လိုက်တယ်။
နောက်ပြီး Anti Porn
ဆိုတာထည့်ပြီး ရှာကြည့်လိုက်တယ်။ တွေ့တာနှင့် လိုက်ဖျက်လိုက်တယ်။
နောက်ဆုံး Registry ထဲမှာ မရှိတော့ ဘူး ဆိုတဲ့ Mess Box လေးပေါ်လာမှ ပဲ စက်ကို Restart လုပ်လိုက်တယ်။
ဟော....၀င်းဒိုးတက်လာတာနှင့် ငနာလေး အန်တီပွန်း တက်မလာတော့ ဘူး ။ နက်လည်းတက်လို့ရသွားပြီ။
တခြားနည်းလမ်းတွေနှင့် လည်း ရှိမှာ ပါ။ ကျွန်တော်က တော့ ဒီနည်းပဲ စဉ်းစားမိလို့ လုပ်လိုက်တာပါ။
Registry ထဲ ၀င်ဖျက်တဲ့ အခါမှာ သတိထားဖို့လိုပါတယ်။ ဖြစ်နိုင်ရင် Registry ကို Back up ပြန်ထားလိုက်။
သူနှင့်ဆိုင်တာပဲဖျက်ရင် ပြဿနာမရှိပါဘူး..။
သူငယ်ချင်းတွေထဲမှာ ဒီပြဿနာကြုံလာရင် အသုံးပြုနိုင်အောင်ပါ။
 

Followers

ခြေရာများ

free invisible web counter

Labels

Blogumulus by Roy Tanck and Amanda Fazani

Min Nay Maung Copyright © 2009