06 February 2010

BIOS Update လုပ်မယ်ဆိုရင်.....


























ဒီနေ့ စိတ်မကောင်းစရာ တစ်ခု နှင့်ကြုံရတယ်ဗျာ။ သူငယ်ချင်းတစ်ယောက် သူ့ Lenovo Notebook လေးကို
Bios Update လုပ်ရာက နေ စက်က လုံးဝ သေသွားတယ်။ ဘာဖိုင်မှန်း မသိလို့ Update ဆိုတာနှင့် Download
လုပ်ပြီး Update လုပ်တာ စက်က ဟန်းနေလို့ ဆိုပြီး စက်ကို ပိတ်ချလိုက်တာ။ ခုတော့ ဘာမှကို မတက်လာတော့ ဘူး။ ကျွန်တော်လည်း ပထမက စက်ကို ဖွင့် ...Volt တွေ တိုင်းကြည့်တော့လည်း ပုံမှန်ပဲ။
ဘာကြောင့် စက်တက်မလာလဲဆိုတာ စဉ်းစားမရဖြစ်နေတာ။ နောက်တော့ စက်မပျက်ခင် ဘာတွေ လုပ်သေး
လဲမေးကြည့်တော့ မှ သေဟ ဆိုပြီး နှမြောတသ ဖြစ်ရတော့တယ်။ သူက မြွေအကြီးကြီးကို မှ သွားဖမ်းတာကို။
ခုတော့ Service Center ကိုပဲ ပို့ရတော့မယ်။ BIOS ဆိုတော့ ကျွန်တော်လည်း ဘာမှမတတ်နိုင်တော့ဘူးလေ။

ဒီအကြောင်းလေးကို အခြေခံပြီး မသိသေးတဲ့ သူတွေ မိမိရဲ့ စက်တွေ ပျက်စီးမှု မဖြစ်အောင် ပို့စ် တစ်ခုတော့
တင်မှ ဆိုပြီး ရေးဖြစ်ခဲ့တာပါ။
BIOS ဆိုတာ က Basic Input Output System ရဲ့ အတိုကောက်ပါ။အလွယ်ဆုံး နားလည်အောင်ပြောရရင်
ဝင်းဒိုးမတက်ခင် ပထမဆုံး ပေါ်လာတဲ့ Screen ပေါ့။ သူက CPU , RAM ,VGA, HDD ရှိမရှိ ကောင်းမကောင်း
မှန်မမှန် စစ်ဆေးပြီး အားလုံးကောင်းတော့ မှ စက်ကို ၀င်းဒိုးတက်စေတာ။အကျယ်ပြောရရင်တော့
CPU,Motherboard,Keyboard,VGA,HDD,Memory...စတာတွေ ကောင်းမကောင်း။ရှိမရှိစစ်မယ်။ကောင်းမယ်
ရှိမယ်ဆိုရင်တော့ BootStrapLoader ကနေပြီး OS ကိုရှာပြီး Window တက်စေတာပေါ့။
ခုတော့ အဲဒီစနစ်မရှိတော့ စက်ကတော့ နိုးမယ်။ ဘာမှမလာဘူးဖြစ်တာပေါ့။
ဒီတော့ BIOS ကို Update လုပ်မယ်ဆိုရင်
၁။မီးပျက်တတ်တဲ့နေရာမျိုးဆိုရင် UPS ရှိမှဖြစ်ပါမယ်။ မီးပျက်လို့လုံးဝမရပါ။
၂။ မိမိရဲ့စက် သုံးရတာ အဆင်ပြေနေတယ်ဆိုရင် BIOS Update မလုပ်ပါနှင့်။
၃။ အပူကြောင့် စက်ဟန်းတာမျိုးမဖြစ်ရအောင် ပန်ကာတစ်လုံးလောက် စက်ကိုမှုတ်ထားပေးလိုက်ပါ။
၎။BIOS လုပ်နေစဉ် အတွင်း မှာ တက်လာတဲ့ Message များကို သေချာစွာဖတ်ရှုပြီးမှ ညွှန်ကြားသည့်အတိုင်း
မသွေ မတိမ်း လုပ်ဆောင်ပေးပါ။
၅။ BIOS လုပ်နေစဉ် အတွင်း စက်ကို Restart .Shutdown မလုပ်မိရန်နှင့် အဆိုပါ
Restart .Shutdown ဖြစ်စေသော
Program များ Run နေခြင်းရှိမရှိ သေချာစွာ စစ်ဆေးပေးပါ။
၆။ မိမိစက် မော်ဒယ်လ်နံပတ် နှင့် ကိုက်ညီမှုရှိသော BIOS ဟုတ်မဟုတ် သေချာစွာစစ်ဆေးပါ။
ဒီလောက်ဆိုရင်တော့ ရလောက်ပါပြီ။ သူငယ်ချင်းတွေ BIOS Update ကို အောင်မြင်စွာ လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။


 

Followers

ခြေရာများ

free invisible web counter

Labels

Blogumulus by Roy Tanck and Amanda Fazani

Min Nay Maung Copyright © 2009