20 June 2013

NEC Audio Driver For Japan Used Notebook

အသံမထွက်လို့ ဒုက္ခရောက်နေတဲ့ NEC တွေ အတွက်

Driver Download  Here

Driver အမျိုးအစားက Soundmax ဖြစ်ပြီး ဖိုင်ဆိုက် က ၁၁မက်ရှိပါတယ်။Mediafire မှာတင်ထားပါတယ်။
အပြည့်အစုံသို့...

02 May 2013

ဟစ်တလာနှင့် မြန်မာကွန်နက်ရှင်

၁၅၀၀ တန်ဖုန်းတွေ ထွက်လာတော့ ဒီ ယူကျု့ပ် ကို သတိရတာနဲ့တင်မိတာပါ။
အဟောင်းလေးပါပဲ..
အပြည့်အစုံသို့...

21 April 2013

Asus EEE PC1015PW အား ပြင်ဆင်ခြင်း

ခုတလော အလုပ်တွေ များနေတာနှင့် ဘလော့ဂ်ရေးတဲ့ ဖက်ကို မရောက်နိုင်ဘူး ဖြစ်နေတယ်။
ဒီနေ့တော့ ဒါလေးတစ်ခုရေးဦးမယ်ဆိုပြီး ရေးဖြစ်တယ်။
ဒီစက်က ရဲ့ ဖြစ်ပုံ က Power ON ပြီးရင် Shut Down ဖြစ်သွားတယ်။
Battery တွေ Charger တွေ စစ်ဆေးကြည့်တယ်။ အားလုံးကောင်းတယ်။
ဒီတော့ ဖြုတ်စစ်မှ ရမယ်ဆိုပြီး P channel IC တွေ စစ်ကြည့်တယ်။Controller Chip လည်း စစ်တယ်။
အားလုံးကောင်းနေတယ်။မထူးပါဘူးဆိုပြီး တစ်စစီ အားလုံးဖြုတ် အပြင် ဘက်က External Monitor
နှင့် ချိတ်ပြီး ဖွင့်တော့ ကောင်းနေတယ်.။ ဒီတော့ ပြစ်ချက်က ဘာဖြစ်နေမလဲ မသိဖြစ်နေတယ်။
နောက်မှ သွားသတိရတယ်။ပထမတစ်ခါ ASUS EEE တစ်လုံး ဖြစ်ခဲ့ဖူးတဲ့ပြစ်ချက်မျိုးပဲ။
ASUS EEE PC တွေမှာက LCD Cable နှင့် Motherboard ကို ဆက်ထားတဲ့ ကြိုးဟာ
စက်အဖုံး ဖွင့်ပိတ် တစ်အားများလာရင် ကြိုးကပေါက်နေတတ်တယ်။
တစ်ခါတစ်လေ ကြိုးပေါက်တာမမြင်ရဘူး။ အထဲကို ဖွင့်ပြီး စစ်ကြည့်မှ သိရတာ။
အဲဒီတော့ ကြိုးအသစ်လဲဖို့ ဆိုင်မှာ ဈေးမေးကြည့်တော့ အားပါးပါး ဘတ်၁၂၀၀ တောင်တောင်းတယ်။
အဲဒီဈေးနှင့်တော့ ဘယ်လိုမှ မဖြစ်နိုင်လို့ ကြိုး ကို တစ်ချောင်းစီ သေချာ ပြန်ဆက်ပြီး နောက် ပြန်မဖြစ်ရ
လေအောင် စက်အဖုံး အဖွင့်အပိတ်လုပ်ရင် ညှပ်နိုင်တဲ့နေရာမှာ ဖော့တုံးတစ်တုံး သေချာလေးထည့်ပေး
လိုက်တယ်။ ဘာလို့ဖော့တုံးထည့်လဲဆိုတော့ သူကပြန်ပြီး တွန်းကန်နိုင်တော့ ကြိုးကို မထိတော့ဘူးပေါ့။
ဒီလိုနှင့်ပဲ အားလုံးအဆင်ပြေသွားပြီ။
အပြည့်အစုံသို့...

05 March 2013

အင်တာနက် ဒေါင်းလုတ် မန်နေဂျာ ၆.၀၅

Silent Install ပါ။ဗားရှင်းအဟောင်းဆိုပေမယ့် ခုထိ သုံးလို့ရတယ်။
တင်ရတာလည်းလွယ်ကူတယ်။Double Click လုပ်ရုံပဲ။
ပြီးရင် Desktop ပေါ်မှာ Icon လေးပေါ်လာမယ်။
ဖွင့်ပြီးသုံးရုံပဲ။ကျွန်တော်လည်းခုထိ ဒါပဲသုံးနေတယ်။
တစ်ခုတော့ရှိတယ်။Never Update နော်။Update မလုပ်မိပါစေနှင့်။
လုပ်မိရင် ကီးပြန်တောင်းလိမ့်မယ်။
RAR ဖိုင်ဖြည်ပြီးရင် ရလာတဲ့ IDM.exe ကိုထပ်ဖြည်ပြီး Portable အဖြစ် သုံးလို့လည်း
ရသေးတယ်လေ.Mediafire မှာတင်ထားတာဖြစ်ပြီး ဖိုင်ဆိုဒ် ကတော့ 3Mb ရှိပါတယ်...

Download
အပြည့်အစုံသို့...

04 March 2013

Press Any Key After Shut Down Your Notebook?

Windows Install လုပ်မယ် ဆိုပြီး ခွေထည့်တယ်။ Press Any Key Boot From...
ဆိုတဲ့စာကြောင်း ပေါ်လာပြီး စက်ပိတ်ကျသွားတယ်။

ဒီProblem က မိမိရဲ့ Laptop အပူချိန် လွန်ကဲနေတာမျိုးရယ်
ဒါမှမဟုတ်
Charger Volt or AMP မကိုက်တာရယ်ကြောင့် ဖြစ်တာပါ

ပြင်မယ်ဆိုရင် မိမိ ကွန်ပြူတာ ရဲ့ ပန်ကာ ဖြုတ်ဆေးပေးပါ။
လိုအပ်ရင် Thermal Paste ထည့်ပါ။
Charger အသစ် လဲလှယ်ပေးပါ။ ဗို့ ရော အင်ပီယာရော တူတာကိုသာသုံးပေးပါ။
ဒီလောက်ဆို အိုကေ ပြီနော် မလေးက ညီလေး မောင်ဇေ....
အပြည့်အစုံသို့...

Folder Lock App

အချိန်သိပ်မရ လို့ တောင်းတာလေးပဲ တင်ပေးလိုက်ပါတယ်။

Folder Guard

Download






ဒါက နောက်တစ်မျိုး ကြိုက်တာ သုံးနိုင်အောင်လို့ပါ။
Download
အပြည့်အစုံသို့...
 

Followers

ခြေရာများ

free invisible web counter

Labels

Blogumulus by Roy Tanck and Amanda Fazani

Min Nay Maung Copyright © 2009