21 April 2013

Asus EEE PC1015PW အား ပြင်ဆင်ခြင်း

ခုတလော အလုပ်တွေ များနေတာနှင့် ဘလော့ဂ်ရေးတဲ့ ဖက်ကို မရောက်နိုင်ဘူး ဖြစ်နေတယ်။
ဒီနေ့တော့ ဒါလေးတစ်ခုရေးဦးမယ်ဆိုပြီး ရေးဖြစ်တယ်။
ဒီစက်က ရဲ့ ဖြစ်ပုံ က Power ON ပြီးရင် Shut Down ဖြစ်သွားတယ်။
Battery တွေ Charger တွေ စစ်ဆေးကြည့်တယ်။ အားလုံးကောင်းတယ်။
ဒီတော့ ဖြုတ်စစ်မှ ရမယ်ဆိုပြီး P channel IC တွေ စစ်ကြည့်တယ်။Controller Chip လည်း စစ်တယ်။
အားလုံးကောင်းနေတယ်။မထူးပါဘူးဆိုပြီး တစ်စစီ အားလုံးဖြုတ် အပြင် ဘက်က External Monitor
နှင့် ချိတ်ပြီး ဖွင့်တော့ ကောင်းနေတယ်.။ ဒီတော့ ပြစ်ချက်က ဘာဖြစ်နေမလဲ မသိဖြစ်နေတယ်။
နောက်မှ သွားသတိရတယ်။ပထမတစ်ခါ ASUS EEE တစ်လုံး ဖြစ်ခဲ့ဖူးတဲ့ပြစ်ချက်မျိုးပဲ။
ASUS EEE PC တွေမှာက LCD Cable နှင့် Motherboard ကို ဆက်ထားတဲ့ ကြိုးဟာ
စက်အဖုံး ဖွင့်ပိတ် တစ်အားများလာရင် ကြိုးကပေါက်နေတတ်တယ်။
တစ်ခါတစ်လေ ကြိုးပေါက်တာမမြင်ရဘူး။ အထဲကို ဖွင့်ပြီး စစ်ကြည့်မှ သိရတာ။
အဲဒီတော့ ကြိုးအသစ်လဲဖို့ ဆိုင်မှာ ဈေးမေးကြည့်တော့ အားပါးပါး ဘတ်၁၂၀၀ တောင်တောင်းတယ်။
အဲဒီဈေးနှင့်တော့ ဘယ်လိုမှ မဖြစ်နိုင်လို့ ကြိုး ကို တစ်ချောင်းစီ သေချာ ပြန်ဆက်ပြီး နောက် ပြန်မဖြစ်ရ
လေအောင် စက်အဖုံး အဖွင့်အပိတ်လုပ်ရင် ညှပ်နိုင်တဲ့နေရာမှာ ဖော့တုံးတစ်တုံး သေချာလေးထည့်ပေး
လိုက်တယ်။ ဘာလို့ဖော့တုံးထည့်လဲဆိုတော့ သူကပြန်ပြီး တွန်းကန်နိုင်တော့ ကြိုးကို မထိတော့ဘူးပေါ့။
ဒီလိုနှင့်ပဲ အားလုံးအဆင်ပြေသွားပြီ။
အပြည့်အစုံသို့...
 

Followers

ခြေရာများ

free invisible web counter

Labels

Blogumulus by Roy Tanck and Amanda Fazani

Min Nay Maung Copyright © 2009