11 January 2012

လိုချင်တာလေးတွေ ရှိရင် အားပေး နိုင်ပါတယ်

စက်ပြင်သမား အချင်းချင်းပဲဖြစ်ဖြစ် ၊ စက်ပြင်လိုတဲ့ လူပဲဖြစ်ဖြစ်
ရှာမရတဲ့ ပစ္စည်းတွေများရှိခဲ့ရင်
လိုအပ်တဲ့ Spare Part မျိုးစုံ ကို ၀ယ်ယူအားပေးနိုင်ပါတယ်။
ကျွန်တော်ဆီမှာ ရှိတဲ့ Spare Part များကတော့

၁.Laptop မှန် (Acer,HP,Toshiba,Sony,MSI,Compaq,Gateway,Dell)

၂.Laptop and Desktop CPU မျိုးစုံ
(socket 370,462,478,479,754,775,940,1366,1566)

၃.Memory မျိုးစုံ(SD,RD,DDR,DDR2,DDR3)

၎.HDD(PATA,SATA,SSD)

၅.Graphic Card(PCI, AGP, PCIE)

၆.Laptop and Desktop Motherboard
(socket 370,462,478,479,754,775,940,1366,1566)

၇.Laptop Battery

၈.Laptop Keyboard

၉.Adapter and Power Supply

၁၀.Laptop cover မျိုးစုံ

၁၁.Laptop Cabel and Connector
အသစ်ရော အဟောင်းပါရှိပါတယ်။ သင့်တင့်တဲ့ဈေးနှုန်းနှင့်ရောင်းပေးပါတယ်။
ဆက်သွယ်မယ်ဆိုရင် minnaymaung@gmail.comပါ။
ဖုန်းနံပတ်ကတော့ +660895668838
ကျေးဇူးအထူးတင်ရှိပါတယ်။
အပြည့်အစုံသို့...

Toshiba NB205 Netbook Problem




ပြီးခဲ့တဲ့ ၄လလောက်က Toshiba NB205 Netbook တစ်လုံးရောက်လာတယ်။
ပြစ်ချက်က စက်က BIOS LOGO မှာတင်ရပ်နေတယ်။
တစ်ခါတစ်ခါလည်း ကောင်းနေပြန်ရော။
မင်္သကာတာနှင့် Toshiba Asia Support ဆိုဒ်မှာ ကြည့်လိုက်တော့
BIOS update လုပ်ဖို့လိုနေတာပါ။
BIOS update File ကို ဒေါင်းလုတ်ဆွဲပြီး update လုပ်လိုက်တော့
အားလုံးအဆင်ပြေသွားတော့တယ်။
အပြည့်အစုံသို့...

လက်တော့ပ် တွေ ကြာကြာသုံးရအောင် ဘယ်လို ထိန်းသိမ်းမလဲ

laptop တွေ အသုံးပြု နေတဲ့ သူတွေ အနေနှင့် မိမိပေးရတဲ့ တန်ဖိုးနှင့် ကိုက်ညီမယ့်
အချိန်ကာလတစ်ခု ထိ အသုံးပြုနိုင်ဖို့ အရေးကြီးပါတယ်။
စက်တစ်လုံးဝယ်မယ် ဆိုရင်လည်း သေချာစွာ စစ်ဆေးပြီး မှ ၀ယ်ယူ သင့်ပါတယ်။
ဒီအကြောင်းကို တော့ နောက်ပို့စ်တစ်ခုမှာ ရေးပေးပါ့မယ်။
အခုတော့ မိမိရဲ့ လက်တော့ပ် ကြာရှည် ခံအောင်အောက်ပါအချက်တွေ ကို ဂရုပြု သင့်ပါတယ်။

၁. မိမိစက်နှင့် ကိုက်ညီမှုရှိသော Adapter (Battery Charger ) ကို သာ အသုံးပြုပါ။
Volt, Amp က အစ တူရင်ကောင်းပါတယ်။

၂.မီးအား မငြိမ်သော နေရာ မှာ အသုံးမပြုသင့်ပါ။

၃.CPU Fan ရဲ့ လည်ပတ်နှုန်းကို အမြဲစစ်ဆေးပါ။လည်နှုန်းမမှန်လျှင် ဖုန်တွေ စုပြီး စက်အပူချိန်တက်
လာပြီး စက်ဟန်းခြင်း၊ Restart ကျခြင်း၊ CPU or Graphic လောင်တတ်ပါတယ်။
ဖြစ်နိုင်ရင် ၃လတစ်ခါလောက် Cooling Fan အပိုင်းကို သန့်ရှင်းရေးလုပ်ပေးပါ။
ပန်ကာ လည်တာ ကြပ်နေတယ်လို့ယူဆရင် ဖွင့်ပြီး ဆီနည်းနည်းထည့်ပေးပါ။

၎.Charging ကို အမြဲတမ်း သွင်းမထားပါနှင့်။ Charging ပြည့်ပြီဆိုလျှင် ဖြုတ်ပြီး Battery နှင့် သုံးစွဲပါ။
Battery ရဲ့ သက်တမ်းကို ပိုမိုကြာရှည်စွာ အသုံးပြုနိုင်မှာပါ။

၅.ပုရွတ်ဆိတ် ၀င်တတ်သဖြင့် မိမိစက်ကို စားစရာ များ အနီးမထားပါနှင့်။ဖြစ်နိုင်လျှင် ပုရွတ်ဆိတ် ကြောက်တဲ့
Spray မှုတ်ပြီး ထားသင့်ပါတယ်။ Laptop တွေ အများစု က ပုရွတ်ဆိတ်ကြောင့် ကီးဘုတ်ပျက်မယ်၊ဘုတ်ပျက်
မယ် စသဖြင့် အဖြစ်များပါတယ်။

၆. မိမိစက်ကို အချိန်၆နာရီ ထက် ပိုပြီး တောက်လျှောက် မသုံးသင့်ပါ။

၇.စက် အသုံးပြုနေစဉ် အတွင်း ထုခြင်း၊ရွေ့ခြင်းမပြုလုပ်ပါနှင့်။

၈.Memory ကို လည်း ၂လ တစ်ခါလောက် ခဲဖျက်နှင့် ပွတ်ပြီး သန့်ရှင်းရေးလုပ်ပေးပါ။

၉.Built in မဟုတ်ဘဲ Solt မှာ စိုက်ရတဲ့ Graphic ကတ် အမျိုးအစားနှင့် စက်ဆိုရင် လက်တော့ပ် ရဲ့
အောက်မှာ Cooler Pad ခံပြီး အသုံးပြုပေးပါ။

၁၀.စက်ဖွင့်စမှာ အခက်အခဲတစ်ခုခု သို့မဟုတ် သာမန်ထက်ပိုကြာနေသည်ဟု သံသယရှိလျှင်
မိမိစက်ရဲ့ Model ,Company မှ Web page တွင် ရှာဖွေကြည့်ပါ။ အများအားဖြင့် BIOS update
လုပ်ရန်လို အပ်တတ်ပါသည်။BIOS Update လုပ်မည်ဆိုရင်လည်း ညွန်ကြားချက်များကို သေချာစွာ
ဖတ်ရှုပြီးပြီးမှ လုပ်ဆောင်ရပါမည်။
အပြည့်အစုံသို့...
 

Followers

ခြေရာများ

free invisible web counter

Labels

Blogumulus by Roy Tanck and Amanda Fazani

Min Nay Maung Copyright © 2009