14 December 2011

Compaq CQ40 Series Problems & Solutions(၁)


















Compaq CQ40 series တွေမှာ အဖြစ်များတဲ့ Problems တွေ ကတော့
၁.စက်က ပန်ကာလည်သံကြားရပြီး Display မတက်ဘဲ Cap Lock မီး မှိတ်တုတ် မှိတ်တုတ်ဖြစ်နေမယ်။
အဲဒီလိုဖြစ်နေမယ်ဆို ကီးဘုတ်ပေါ်ကနေ CPU ရှိတဲ့ နေရာကို ခန့်မှန်းပြီး လက်ဝါးပြင်တစ်ခု လုံးနှင့်
ခပ်ပြင်းပြင်းလေး ဖိလိုက်ပါ။ ပြန်ကောင်းလာပါလိမ့်မယ်။ ဒါကတော့ လက်ပူတိုက်တဲ့နည်းပေါ့။
ပြင်မယ်ဆိုရင်တော့ Mother Board ကို ဖြုတ်ထုတ်ပြီး Hair Dryer နှင့် ခပ်ကြာကြာလေးမှုတ်ထားလိုက်ပါ။
ပြန်ကောင်းလာပါလိမ့်မယ်။


၂. မှန်ရဲ့အောက်ခြေမှာ အစင်းကြောင်းလေး တွေ ၁လိုင်း ထက်မက ပေါ်နေမယ်။
ဒါဆိုရင် အလွယ်ဆုံးနည်းက မှန်လဲရတော့မယ်။မှန်တစ်ချပ်က လည်း ဈေးတော့မသေးဘူး။
ကျွန်တော်တို့လဲပေးရင်တောင် ဘတ် ၂၅၀၀ ယူတယ်။ မတတ်နိုင်တဲ့ သူတွေ အတွက်ကတော့
နည်း ၂နည်းရှိတယ်။ ပထမနည်း က မှန်နှင့် Logic ဘုတ် ခဲလွတ်နေတာသေချာရင်
သားရေစိမ်း ဖိနပ်က ဆိုးလ်ပြားကို ညှပ်ပြီး လိုင်နာ သဘောမျိုးနှင့် မှန်နှင့် လောဂျစ်ဘုတ် ကြားမှာ
ကော်နှင့် ကပ်ပြီး Press လုပ်ပေးလိုက်တယ်။
အဲဒီလိုမှ မရရင် နောက်တစ်နည်းဖြစ်နိုင်တာ က Resistor ရှော့တ် ကျနေတာပဲ။ မီတာနှင့်ထောက်ပြီး
စမ်း...မကောင်းတာ ဖြုတ်လဲပေါ့။
ဆက်ရေးပေးပါဦးမယ်.
ခုတော့ဝမ်းစာရေး အတွက် အလုပ် လုပ်လိုက်ဦးမယ်။
 

Followers

ခြေရာများ

free invisible web counter

Labels

Blogumulus by Roy Tanck and Amanda Fazani

Min Nay Maung Copyright © 2009