20 November 2009

ပိတ်နိုင်ကြပါပေ...ပြိတ္တာတွေ

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံတကာနှင့် အင်တာနက် ချိတ်ဆက်အသုံးပြုမှုကို မြန်မာဘာသာသုံး အခမဲ့အီးမေးလ်စနစ်ဖြင့် စစ်အစိုးရက ပိတ်ပင်နိုင်သည်ဟု အိုင်တီပညာရှင် အသိုင်းအ၀ိုင်းက သုံးသပ်သည်။

မြန်မာဘာသာသုံး အီးမေးလ်စနစ်ကို စစ်အစိုးရ၏ ရတနာပုံတယ်လီပို့က တည်ဆောက်နေပြီး ပြည်တွင်း Bandwith ဖြင့် အသုံးပြုရမည်ဖြစ်ကြောင်း ဖော်ပြသည့် ပြည်တွင်းထုတ် Flower News ဂျာနယ်သတင်းကို ကိုးကားပြီး သုံးသပ်ကြခြင်း ဖြစ်သည်။

“ပြည်တွင်း Bandwith ဆိုရင်တော့ အင်ထရာနက် သဘောမျိုးလုပ်တာပဲ။ အင်ထရာလို့ပဲ ထင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ အီးမေးလ်ကို မြန်မာလိုသုံးဖို့ဆိုတာက တော်တော်တော့ မလွယ်ဘူးလေ။ ဥပမာ နိုင်ငံခြားသားကို မြန်မာလိုပို့လိုက်မယ်ဆိုလို့ ရမလား။ သူပြောတာဆို ပြည်တွင်းသုံး အင်ထရာနက်သဘောဖြစ်ဖို့ များတယ်” ဟု ပြည်တွင်း အိုင်တီပညာရှင်တဦးက ပြောသည်။

လက်ရှိ အနေအထားအရလည်း ပြည်တွင်းစာပို့မှုအတွက် အင်တာနက် အီးမေးလ်ကို အသုံးပြုခြင်းထက် နိုင်ငံတကာနှင့် ဆက်သွယ်ရေးအတွက် ပိုမိုအသုံးပြုနေကြခြင်းဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကမူ နိုင်ငံတကာနှင့် ချိတ်ဆက်သည့် အင်တာနက်မြန်နှုန်း (၁.၅) ဂီဂါဘိုက်သာရှိသဖြင့် ပြည်တွင်းစာပို့အသုံးပြုမှုကို ပြည်တွင်း Bandwith ခွဲခြားအသုံးပြုခြင်းဖြင့် နိုင်ငံတကာနှင့် ချိတ်ဆက်အသုံးပြုသည့် အင်တာနက် မြန်နှုန်းမြင့်လာမည်ဟု အကြောင်းပြပြောဆိုထားသည်။

ပြည်တွင်း Bandwith ဖြင့် အင်ထရာနက်အဖြစ် လုပ်ဆောင်လိုက်ပါက အများပြည်သူအတွင်း သတင်းအချက်အလက် စီးဆင်းမှုကို ပိတ်ပင်ခြင်း၊ ဖြတ်တောက်ခြင်းများ ပြုလုပ်လာမည်ဟု ခန့်မှန်းကြသည်။

စင်ကာပူအခြေစိုက် မြန်မာ အိုင်တီပညာရှင်တဦးကမူ “အင်တာနက်ပဲ လွတ်လွတ်လပ်လပ် ဖြစ်သင့်တယ်။ အခုက သူတို့က မြန်တာ နှေးတာထက် သူတို့ များများ control လုပ်နိုင်မှာကို ရည်ရွယ်တာပါ။ သူတို့ လူတွေကို အင်တာနက် မြန်မြန်ဆန်ဆန် သုံးစေချင်တဲ့ စေတနာရှိမယ်လို့ ထင်သလား” ဟု ဆိုသည်။

အင်ထရာနက်စနစ်ကို ယခင်ပုဂံဆိုက်ဘာတက်ခ် စတင်ကာစက Mail4u အဖြစ် အသုံးပြုခဲ့ဖူးပြီး ၀င်လာသည့်စာများကို စစ်ဆေးကြပ်မတ်ခဲ့သည်။

အင်ထရာနက်စနစ်က ချိတ်ဆက်ထားသော network အတွင်းသာ အသုံးပြုနိုင်ပြီး ပုဂ္ဂလိကလုပ်ငန်းများတွင် အသုံးပြုသော စနစ်တခုဖြစ်သည်။ အင်တာနက်ကဲ့သို့ ကမ္ဘာတလွှား ချိတ်ဆက်နိုင်မည်မဟုတ်ဘဲ ယင်းစနစ် ချိတ်ဆက်ထားသည့် ဒေသတွင်းသာ အသုံးပြုနိုင်မည်ဖြစ်သည်။

“အီးမေးလ်လည်းရတယ်။ ပြီးတော့ customized software တွေလည်းပါတယ်၊ နက်ဝေါ့ခ်အတွင်းမှာ ဘယ်သူသုံးသုံးရတယ်။ အပြင်ကတော့ ၀င်လို့ရဘူး။ အီးမေးလ်တွေကအစ အကုန် filter ရှိပြီးသား” ဟု အိုင်တီပညာရှင်က ပြောသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်း ဦးဆောင်အကောင်အထည်ဖော်နေသည့် ရတနာပုံ ဆိုက်ဘာစီးတီးက လာမည့် ဒီဇင်ဘာ (၂၄) ရက်တွင် ပြုလုပ်မည့် အိုင်စီတီပြပွဲတွင် ယင်း မြန်မာစာစနစ်သုံး အီးမေးလ်စနစ်ကို စတင်မိတ်ဆက်မည်ဟု ဆိုသည်။

စစ်အစိုးရက ယခုလက်ရှိ အင်တာနက် စာပို့စနစ်ကို တရားဝင်ခွင့်ပြုထားခြင်းမဟုတ်ဘဲ အသုံးပြုသူများမှာ အီလက်ထရောနစ် အက်ဥပဒေနှင့် ငြိစွန်းနေသည်။

ှSource :Khitpyaing




 

Followers

ခြေရာများ

free invisible web counter

Labels

Blogumulus by Roy Tanck and Amanda Fazani

Min Nay Maung Copyright © 2009